22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

ဘာစီလိုနာ ခံစစ်တွင် ကစား ရခြင်းသည် စွန့်စား ရလွန်းကြောင်း မာရှေယာနို ဝန်ခံ

ဘာစီလိုနာ အသင်းတွင် ဗဟိုခံစစ် နေရာ၌ ဆင်းကစား ရခြင်းသည် မိမိအတွက် စွန့်စားရသော ကိစ္စ တစ်ခုဖြစ်ကြောင်း ဟာဗီးယား မာရှေယာနိုက ပြောကြားလိုက်သည်။

အသက်(၂၈)နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်အဖျက် ကစားသမားသည် နည်းစနစ်ပိုင်း လိုအပ်ချက်အရ စပိန်ထိပ်သီး ကလပ်အသင်း၏ ခံစစ်ပိုင်းကို တာဝန်ယူ ကစားနေရသည်။ မကြာသေးမီက စပိန်စူပါ ဖလား ပွဲစဉ်တွင် ၎င်း၏ တာဝန် မကင်းသော အနေအထား တစ်ခုမှ ရီးယဲလ်မက်ဒရစ် အသင်းက ဂိုးသွင်းသွားသဖြင့် မာရှေယာနိုအား ဝေဖန်မှုများ ပြင်းထန် ခဲ့သေးသည်။ အာဂျင်တီးနားတွင် လက်ရွေးစင် အသင်းအတွက် ပွဲကစားရန် ပြန်ရောက်နေသည့် မာရှေယာနိုက မိမိ၏ အပိုင်နိုင်ဆုံး နေရာမဟုတ်သော ခံစစ်နေရာတွင် ကစားနေရခြင်းသည် မိမိအတွက် တာဝန်ကြီးလွန်းကြောင်း ဖွင့်ဟခဲ့သည်။
ခံစစ်ပိုင်းတွင် ကစားနေရသည့် မာရှေယာနို

"ဗဟိုခံစစ်ကို ကစား ရတဲ့ထဲမှာမှ တခြား အသင်းတွေထက် စာရင် ဘာစီလိုနာမှာ ပိုပြီး စွန့်စားရပါတယ်။ အများကြီး ပိုပြီးတော့ ပြေးလွှားနေရတယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့လည်း ဆိုင်တယ်လေ"ဟု မာရှေယာနိုက ဆိုသည်။ ၎င်းက "ကျွန်တော်တို့ အသင်းဟာ တိုက်စစ်ကို ပုံသေအားပြုတဲ့ အနေအထားမှာ ရှိပါတယ်။ ပြောရရင် ဘာစီလိုနာဟာ ပွဲတစ်ပွဲကို ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းလောက် ရှိနေအောင် ချဉ်းကပ်ကစားပါတယ်။ ဒါပေမဲ့ အရေးကြီးတာက တစ်ဖက်အသင်းကလည်း ကိုယ့်ကို သုံးကြိမ်၊ လေးကြိမ်လောက် ပြန်ထိုးဖောက်လာနိုင်တယ် ဆိုတာပါ။ အဲဒီ အနေအထားမျိုး ကြုံလာရင် ကိုယ့်နောက်မှာ မီတာ(၅၀)၊ (၆၀)လောက်ထိ ကွက်လပ် ဖြစ်နေတယ်ဆိုတဲ့ အသိက ဘာစီလိုနာ ခံစစ်သမားတွေအတွက် ဖိအားတစ်ခု ဖြစ်နေတတ်ပါတယ်" ဟုလည်း ဆက်လက် ရှင်းပြခဲ့သည်။

အရေးကြီးတာက တစ်ဖက်အသင်းကလည်း ကိုယ့်ကို သုံးကြိမ်၊ လေးကြိမ်လောက် ပြန်ထိုးဖောက်လာနိုင်တယ် ဆိုတာပါ။ အဲဒီ အနေအထားမျိုး ကြုံလာရင် ကိုယ့်နောက်မှာ မီတာ(၅၀)၊ (၆၀)လောက်ထိ ကွက်လပ် ဖြစ်နေတယ်ဆိုတဲ့ အသိက ဘာစီလိုနာ ခံစစ်သမားတွေအတွက် ဖိအားတစ်ခု ဖြစ်နေတတ်ပါတယ်...
၎င်းက "ရီးယဲလ်နဲ့ပွဲမှာ ကျွန်တော် မှားသွားတဲ့ အခြေအနေမျိုး အပါအဝင် အမှားလေး တစ်ခုတိုင်းက ဂိုးတစ်ဂိုး ဖြစ်သွားနိုင်ပါတယ်။ ဘာစီလိုနာမှာ ဗဟိုခံစစ်က ကစားရတာဟာ အန္တရာယ် များပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း အန္တရာယ်တွေကြားမှာ ပြေးလွှားနေချင်တာပါ"ဟုလည်း ပြောကြားသွားသည်။
Ref: Goal

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )