"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက်ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ
သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ဝတ်ဖို့လည်း
အခြေ အနေမပေးခဲ့ဘူး။
အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။
သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။
သူ့အတွက် အညံ့တွေ လည်းကင်းစင်သွားတာပေါ့။
သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ် လာတာတို့ဆိုရင် အန်တီ့ကို
တိုင်ပင်တယ်။
အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ ထိုင်တာကအစ မိဘအနေနဲ့
သွန်သင်ဆုံးမတယ်။
တစ်ခါတလေ ကျရင်လည်း အန်တီတို့ခေတ်နဲ့ မတူတော့ တာတွေကို
နားလည်ပေးရတာတွေ ရှိတယ်။
အန်တီက စီးပွားရေး အရရော၊ ကျန်းမာရေးအရရော သူ့နောက်ကို လိုက်နိုင် တာမျိုး
မရှိတဲ့အတွက် အမေ အနားမှာမရှိတော့ လူငယ်တစ်ယောက်အနေနဲ့ သူ့ဘာသာသူ
ဆုံးဖြတ်ရတယ်။
အမှားတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အန်တီက သူ့ကို အကြံဥာဏ်တွေ အကောင်း
ဆုံးပေးတယ်။ အခုလို သီလရှင်ဝတ်ဖို့ကိုလည်း အတတ်နိုင်ဆုံး သူ့အတွက်
လုပ်ပေးတာ ပါ။
သူ့အတွက် အိမ်ထောင် ဖက်ဆို တာကလည်း အန်တီတို့တုန်းက ကိုယ့်စိတ်ကြိုက်
ရွေးထားတဲ့အတွက်ကြောင့် သူ့ကို ဘယ်သူဘယ်ဝါကိုယူ ဆိုတာကိုမျိုး မသတ်မှတ် ဘဲ သူကြိုက်တာကို ရွေးချယ်ပြီး ဘဝကို လျှောက်စေချင်တယ်။
"လို့ ပီတိစကား ဆိုခဲ့ပါတယ်။
Popular News
8:26 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com