အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး
Ekmeleddin Ihsanoglu နှင့် အဖွဲ့သည်
နောက်အပတ်တွင် မြန်မာနိုင်ငံသို့
ရောက်ရှိမည်ဟု သတင်း ရရှိသည်။
ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။
အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အတွင်းသို့လည်း
သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ဆိုသည်။
အဆိုပါ အဖွဲ့သည် မြန်မာ အစိုးရ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံ စဉ် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မွတ်ဆလင်များ အရေးကို အလေးပေး ဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။
အဓိက အားဖြင့် မွတ်ဆလင် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံမူများ အပေါ် ရပ်တန့်ရန် မြန်မာ
အစိုးရကို ဖိအားပေး တောင်းဆိုမည်ဟု The Gulf News တွင် ဖေါ်ပြသည်။
နိရဉ္စရာ
4:56 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com