ဟေးလ်ဘရော့ ဖြစ်စဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ထွက်ပေါ် ခဲ့သည့်နောက် သေဆုံးခဲ့သော လီဗာပူးလ် ပရိသတ် (၉၆)ဦး အတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်ကို စုပေါင်း ပြုလုပ်ရန် လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများ သဘော တူညီခဲ့ကြသည်။
ခါးသီးသော ပြိုင်ဘက်များ အဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့ကြသော်လည်း ယခု သီတင်းပတ်ကုန် အန်းဖီးလ်တွင် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူ အသင်းနှင့် လီဗာပူးလ် အသင်းတို့သည် သမိုင်းဝင် ဖြစ်စဉ်ဆိုးကြီး အတွင်း သေဆုံး ခဲ့ရသူများကို အမှတ်တရ ဖြစ်စေမည့် အစီအစဉ်တွင် ပူးပေါင်းမည် ဖြစ်သည်။ (၁၉၈၉)ခုနှစ်က ဖြစ်ပွားခဲ့သော အားကစားကွင်း လူအုပ် ပြိုကျမှုကြီးတွင် လီဗာပူးလ် ပရိသတ်များ၏ စည်းပျက်ကမ်းပျက် နိုင်မှုကို အစဉ်တစိုက် အပြစ် တင်ခဲ့သော်လည်း နောက်ပိုင်း ထွက်ပေါ်လာသည့် မှတ်တမ်းများ အရ အာဏာပိုင်များ၏ စီမံ ကိုင်တွယ်မှု အားနည်းချက်နှင့် အခြားသော အကြောင်းအရာ များစွာကိုလည်း သိရှိလာခဲ့ရသည်။
ယခုအခါ စတီဗင်ဂျရတ်နှင့် နီမန်ဂျာ ဗီဒစ်တို့သည် မိမိတို့၏ သက်ဆိုင်ရာ အသင်းများကို ဦးဆောင်ကာ သေဆုံးသူများ အတွက် ရည်စူး ဂုဏ်ပြုရန် စီစဉ်ထားပြီး ကလပ်အသင်း နှစ်ခုလုံးက အသေးစိတ် အချက်အလက်များကို မကြေညာသေးချေ။ လီဗာပူးလ် စီမံရေးရာ ဒါရိုက်တာ အီယန်အိုင်ရီက မြို့ခံပြိုင်ဘက် အဲဗာတန် အသင်းသည် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ရင်ဆိုင်စဉ် ဟေးလ်ဘရော့ ဖြစ်စဉ်အတွင်း သေဆုံးခဲ့ ရသူများ အတွက် ဂုဏ်ပြု အမှတ်ရဖွယ် အခမ်းအနားငယ်လေး တစ်ခု ပြုလုပ်ပေးခဲ့ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုထားသည်။
စတီဗင်ဂျရတ်နှင့် နီမန်ဂျာ ဗီဒစ်တို့သည် မိမိတို့၏ သက်ဆိုင်ရာ အသင်းများကို ဦးဆောင်ကာ သေဆုံးသူများ အတွက် ရည်စူး ဂုဏ်ပြုရန် စီစဉ်ထားပြီး ကလပ်အသင်း နှစ်ခုလုံးက အသေးစိတ် အချက်အလက်များကို မကြေညာသေး...
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က "ဒီအခြေအနေဟာ လူတိုင်းအတွက် သူတို့ရဲ့ လေးစားမှုကို ထုတ်ဖော် ပြသဖို့ အခွင့်အရေး တစ်ခုပါ။ ကျွန်တော်တို့ဟာ လီဗာပူးလ် ခုလိုကြုံနေရတဲ့ အခြေအနေ အတွက် ကလပ်အသင်း တစ်ခု အနေနဲ့ အပြည့်အဝ ထောက်ခံ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲမှာ ဟေးလ်ဘရော့ ကိစ္စအပေါ် ပြန်ပြီး ဖော်ထုတ်မယ့် လီဗာပူးလ်ရဲ့ အစီအစဉ်ကို ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီပါမယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာကို အသေးစိတ် ဖတ်ခွင့် ရတဲ့အခါ လီဗာပူးလ်ရော၊ သေဆုံးသူတွေရဲ့ မိသားစုတွေပါ ဝမ်းနည်းကြမယ်ဆိုတာ နားလည်ပါတယ်" ဟု ပြောကြားသွားသည်။
Ref: Daily Mail
11:30 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com