လှိုင်သာယာမြို့နယ်၊ ရပ်ကွက် (၂၀)တွင် နေထိုင်သည့် ဦးမင်း အောင်နှင့်
ဒေါ်တင်တင်လှတို့၏ သား အသက် ၉ နှစ်ခန့်အရွယ်ရှိ မောင်ဟန်မင်းအောင်
မှာလိင်အင်္ဂါ တစ်ခုကို ခွဲစိတ်ကုသနိုင်ရန် ပထမအဆင့်အနေဖြင့် အောင်မြင်
ခဲ့သော်လည်း ဒုတိယအဆင့်ကုသ နိုင်ရန် ငွေကြေးအခက်အခဲရှိနေ
ကြောင်း သိရသည်။
အဆိုပါကလေးငယ်ကို တာဝန်ယူကုသပေးနေသည့် မြတ်စေတနာအခမဲ့ဆေးကုခန်းမှ
တာဝန်ခံ ဦးမြတ်ဆွေက “ကလေး ရဲ့ဆီလမ်းကြောင်းနဲ့ ကိုယ်တွင်း အင်္ဂါအချို့ကို
ပြောင်းလဲဖို့ အလှူ ငွေလိုအပ်နေတာပါ။
အခုထိ သူက ကျောင်းမတက်နိုင်သေးဘူး။ မိဘ တွေကလည်း မပြေလည်ကြဘူး။
အဖေက နယ်မှာအလုပ်ထွက်လုပ် ရင်းပြန်မရောက်လာတာ နှစ်နှစ် ကျော်သွားပြီ”
ဟု ရှင်းပြသည်။
မောင်ဟန်ဝင်းအောင် ဆေးကုသရန် ခန့်မှန်းကုန်ကျစရိတ် မှာ
ငါးသိန်းခန့်ဖြစ်ပြီး ယင်းအတွက် စေတနာထက်သန်စွာလှူဒါန်းလို ပါက မြတ်စေတနာ
အခမဲ့ဆေးကု ခန်းဖုန်းနံပါတ် ၀၉-၄၂၀၁၂၂၅၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်
ကြောင်းသိရသည်။
11:31 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com