22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

ငွေကြေးထက် ဘောလုံးနှင့် ပတ်သက်ပြီး စဉ်းစားကာ အနာဂတ်ကို ရွေးချယ်ရန် ဝဲလ်ကော့ကို ပါလာတိုက်တွန်း

သီအိုဝဲလ်ကော့ အနေဖြင့် ငွေကြေး ကိစ္စထက် ဘောလုံးကိုသာ ဦးစားပေး စဉ်းစားသင့်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက တိုက်တွန်းလိုက်သည်။


အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမားသည် အာဆင်နယ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေပြီး အသင်းက တစ်ပတ် ပေါင်စတာလင် (၇၅၀၀၀)ဖြင့် ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို ငြင်းဆန်ထားသည်။ ထိုအခြေအနေသည် အာဆင်နယ်အတွက် ကိုင်တွယ်စီမံရန် ခက်ခဲသော အနေအထားမျိုးထံ ဦးတည်နေပြီး ကစားသမားကို ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့က စိတ်ဝင်စား နေသည်။ ပါလာက ဝဲလ်ကော့သည် မိမိ၏ ဆုံးဖြတ်ချက်ကို ငွေကြေးထက် ဘောလုံးနှင့် ပတ်သက်သော အမြင်ဖြင့် ရွေးချယ်သင့်ကြောင်း တိုက်တွန်းသွားသည်။
စာချုပ်သက်တမ်း တိုးရန် မသေချာသေးသည့် ၀ဲလ်ကော့

ပါလာက "ဝဲလ်ကော့ အာဆင်နယ်မှာ သက်တမ်းတိုး စာချုပ်တာကို မြင်ချင်နေတဲ့သူတွေ အများကြီးပါ။ သူဟာ ကွင်းထဲမှာ အရမ်း အလုပ်ကြိုးစားတဲ့သူပါ။ သူဟာ ကစားသမားကောင်း တစ်ယောက် ဖြစ်ပါတယ်။ ခုချိန်မှာ ဝဲလ်ကော့ အာရုံစိုက်သင့်တာက နေမလား၊ သွားမလား ဆိုတဲ့ ကိစ္စမျိုးထက် ဘောလုံးကို ဘယ်လို ပိုကောင်းအောင် ကစားမယ် ဆိုတာမျိုး ဖြစ်နေရမှာပါ။ စာချုပ်ကိစ္စကြောင့် ကွင်းထဲမှာ သူ့ခြေစွမ်းကို ထိခိုက် လာတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်ကတော့ သူဟာ အနာဂတ်ကို ဆုံးဖြတ်မယ် ဆိုရင် ငွေကြေးထက် ဘောလုံးကိုပဲ အလေးထား ရွေးချယ်စေချင်တယ်" ဟု ပြောကြားသွားသည်။
ခုချိန်မှာ ဝဲလ်ကော့ အာရုံစိုက်သင့်တာက နေမလား၊ သွားမလား ဆိုတဲ့ ကိစ္စမျိုးထက် ဘောလုံးကို ဘယ်လို ပိုကောင်းအောင် ကစားမယ် ဆိုတာမျိုး ဖြစ်နေရမှာပါ...
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )