22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

ရီးယဲလ်ကို အလွန်အကျွံ ခံစစ် ကစားခဲ့သော မန်စီးတီး အသင်းသားများအား မန်စီနီ ဝေဖန်

မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ ရောဘတ်တို မန်စီနီက ရီးယဲလ်မက်ဒရစ် အသင်းကို အရေး နိမ့်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် မိမိ အသင်းသားများ၏ တိုက်စစ်ဖွင့် ကစားရန် သတ္တိကြောင်မှုကို ဝေဖန် ပြစ်တင်လိုက်သည်။

မန်စီးတီးသည် ဘာနေဗျူး ကွင်းတွင် ရီးယဲလ်ကို (၂)ကြိမ်တိုင် ဦးဆောင် ကစားပြီးမှ (၃-၂)ဖြင့် အရေး နိမ့်ခဲ့ရသည်။ ပွဲကြီးပွဲကောင်း ဖြစ်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် မိမိ အသင်းသားများသည် ရီးယဲလ်၏ တိုက်စစ်ကို ခုခံရန်သာ ကြိုးစားရင်း အချိန် ကုန်နေခဲ့ခြင်းကို အီတလီသား မန်နေဂျာက ဒေါသ ထွက်နေသည်။ "တကယ်လို့သာ ကျွန်တော်တို့ အလွန်အကျွံ ခံစစ် ကစားနေမှာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ဂိုးပေးလိုက်စရာ မရှိဘူး" ဟု မန်စီနီက ဆိုသည်။ မန်စီနီသည် ယခုပွဲစဉ်တွင် (၃)ဂိုး ပေးလိုက်ရသည့် ဂိုးသမား ဂျိုးဟတ်ကိုလည်း တိုက်ရိုက် ဝေဖန်ခဲ့သည်။
စိတ်ပျက်နေသည့် ဂျိုးဟတ်

ဒေါသ ထွက်နေသည့် မန်စီးတီး မန်နေဂျာက "ဟတ်ရဲ့ တာဝန်က ဂိုးပေါက်မှာ ရှိနေပြီး ကာကွယ်မှုတွေ လုပ်ဖို့ပါ။ လူတစ်ယောက်က မန်စီးတီးကို ဝေဖန်မယ်ဆို ဟတ်ကို ဦးတည် မနေနဲ့။ ကျွန်တော့်ကိုပဲ ဦးတည်ပါ။ ကျွန်တော်က စီမံသူ မဟုတ်လား။ ဟတ်ကတော့ မဟုတ်ဘူး။ ခုကိစ္စက လက်ခံဖို့ ခက်လွန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးလို့ ခုလို ပြောနေတာ မဟုတ်ဘူး" ဟုလည်း ဆိုသည်။ ၎င်းက "ရီးယဲလ်လို အသင်းကို ရှုံးတာ လက်ခံပါတယ်။ ဒါပေမဲ့ ခုလိုနည်းနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအခြေအနေကနေ တိုးတက်လာဖို့ လိုပါပြီ။ ကျွန်တော်တို့ ခံစစ်က လွန်လွန်ကျွံကျွံကြီး ဖြစ်သွားတယ်။ ဒါဟာ ပြိုင်ဘက်အတွက် ကစားရတာ လွယ်ကူသွားစေသလို ပင်နယ်တီ ဧရိယာ အစပ်ကနေ အခွင့်အရေးတွေ ပိုရလာစေပါတယ်" ဟုလည်း ထောက်ပြ ပြောဆိုသွားသည်။
ရီးယဲလ်လို အသင်းကို ရှုံးတာ လက်ခံပါတယ်။ ဒါပေမဲ့ ခုလိုနည်းနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအခြေအနေကနေ တိုးတက်လာဖို့ လိုပါပြီ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )