22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 19, 2012

""ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလီကိစ္စ ၀ါရှင်တန် Asian Society မှာ ဘာတွေပြောလိုက်ပြီလဲ""



မေးတဲ့ပုံလေးက လေအေးလေးသုံးပြီး 
အပြစ်တင်သလိုလို ( မယုံရင်နားထောင်ကြည့်
ပါ) ။ ပျော့ပျော့လေးနဲ့ ချည်မယ် ၊ တုတ်မယ်
 ဆိုတာချည်းဘဲကိုး ။ ဒေါ်စုခမျာလည်း 
အမေးခံရလွန်းလို့ ဘယ်လောက်တောင် 
 
 သူတို့အကြောင်း သဘောတွေ ပေါက်နေသလဲ မသိဘူး ။ ပြောနေကြာပါတယ် ။ ဟောဒါက
 ဒေါ်စု ၀ါရှင်တန် Asian Society မှာ ပြောသွားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေ
ထဲက ရိုဟင်ဂျာ မေးခွန်နဲ့ အဖြေပါ ။

မေး။ ။ ရခိုင်ပြည်နယ် ပြသာနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေများစွာ ကျမတို့ ရထားပါတယ် ။ ရိုဟင်ဂျာပြသာနာနဲ့ ပတ်သက်တာကိုရောပေါ့ ။ တချို့တွေ သိချင်ကြတာက......... ဒေါ်စုအနေနဲ့ အရင်က ဒီကိစ္စကို ပြောတိုင်း ဒါဟာ နိုင်ငံသားပြသာနာ ပါ ၊ ဒါကြောင့် citizenship law ကို စဉ်းစားဖို့ လိုတယ်လို့ ပြောခဲ့တယ် ။ အဲဒါ ဘာကိုဆိုလိုတာပါလဲ ။ ပြီးတော့ ရေရှည်မှာ ဒီကိစ္စကို ရှင်းဖို့ ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ ။

ဖြေ ။ ။ ( ဒေါ်စုအနည်းငယ် စိတ်တိုသွားပုံရပြီး ဒီလို မဆိုင်းမတွ မြန်ဆန်စွာ ပြန်ဖြေပါတယ် )

အရင်ဆုံး ပြောရရင်တော့ အဲဒီပြသာနာဟာ နိုင်ငံသားဖြစ်ခွင့် citizenship တစ်ခုတည်းနဲ့ ပတ်သက်တယ် ဆိုတာတစ်ခုတည်း ကျမပြောခဲ့တာ မဟုတ်ဘူး ဆိုတာဘဲ ။ ကျမက တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်များစွာကို ပြောခဲ့တာပါ ။

ပထမဆုံးဖြစ်ခဲ့သင့်တာက ရခိုင်ပြည်နယ်တစ်ဝိုက်မှာ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားဖို့ လိုပါတယ် ။ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ ပထမဆုံး ရာဇ၀တ်မှု ( မသီတာထွေးအမှုကို ဆိုလိုသည် ) ကို တရားဥပဒေနဲ့ အညီသာ ဖြေရှင်းခဲ့ရင် .........ဆိုလိုတာက ဖြစ်တာနဲ့ ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် အရေးယူတာမျိုး ၊ ဒါတင်မကဘဲ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူလိုက်ပါတယ် ဆိုတာကို ပြည်သူက သိမြင်နားလည်အောင် လုပ်ခဲ့တာမျိုးတွေသာ ရှိခဲ့ရင် ဒီပြသာနာဟာ ဒီလို ကြီးသွားမှာ မဟုတ်ပါဘူး ။

ဒါပေမယ့် အစကတည်း အဲလို အခြေခံကျတဲ့ တရားဥပဒေတွေကို မလိုက်နာ မကျင့်သုံးထားခဲ့ဘူး ။ ဒီတော့ ပြသာနာက မကျယ်သင့်ဘဲ ကျယ်သွားခဲ့ရတယ် ။ ဆိုးသထက် ဆိုးသွားခဲ့ရတယ် ။

ဥပဒေစိုးမိုးရေးဆိုတာကို ရေရှည် ကြည့်ရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ citizenship law ဆိုတာ ပါလာရော ။ ဆိုလိုတာက ဥပဒေအရ ဘယ်သူတွေဟာ မြန်မာနိုင်ငံသားတွေလဲ ဆိုတာ ကျမတို့ သိဖို့လိုပါတယ် ။

တစ်ဖက်ကလည်း အဲဒီ citizenship law ဟာ နိုင်ငံတကာ စံချိန်နဲ့ ကိုက်သလား ၊ အခြေခံလူ့အခွင့်အရေးလိုအပ်ချက်တွေနဲ့ ကိုက်သလားဆိုတာလည်း လေ့လာစစ်ဆေးကြည့်ဖို့လိုတယ် ။ ဒီတော့ တရာဥပဒေစိုးမိုးရေး Rule of Law ဆိုတာကို ပြောရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ဆိုတာတစ်ခုတည်း ပြောလို့မရဘူး ။

အဲဒီ Rule of Law ဆိုတာမှာလည်း '' မှန်ကန် မျှတတဲ့ တရားဥပဒေစိုးမိုးရေး Rule of Just Law '' ဆိုတာဖြစ်ရမယ် ။ အဲဒီထဲမှာမှ citizenship law လည်း ပါမယ် ။ ရာဇ၀တ်မှုတွေကို ဖြေရှင်းတဲ့ law လည်း ပါရမယ်.........ဒီကိစ္စက ရာဇ၀တ်မှုနဲ့ စတာဘဲလေ ။ အာဏာပိုင်တွေက ဒီရာဇ၀တ်မှုကို ဖြေရှင်းပုံ ဖြေရှင်းနည်းက မလုံလောက်မမျှတတဲ့ပုံ ဖြစ်နေတာကိုး ။ ဒါကြောင့်ဘဲ ပိုဆိုးခဲ့တာမဟုတ်လား .....။
 
 
 Spring Flowers
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )