22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

တရားဥပဒေ စိုးမိုးရေး တရားရုံး သုံးခုကို ဒေါ်အောင်ဆန်းစုကြည် ကွင်းဆင်းလေ့လာမည်

တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ
 ဆောင်ရွက်သည့် တစ်စိတ်တစ်ပိုင်း
 အဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး
 ကော်မတီ အနေနှင့် မြန်မာနိုင်ငံ

 အတွင်းရှိ တရားရုံး သုံးခုကို ကွင်းဆင်း လေ့လာ သွားမည်ဖြစ်ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို ယနေ့ နေ့လည် ၁နာရီ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီတို့ တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။
ယင်းတရားရုံးများတွင် မည်သည့် ပြဿနာများ ဖြစ်ပွားနေသည်၊ မည်သို့သော အကြောင်းကြောင့် မျှတမှု မရှိခြင်းများ ဖြစ်ပေါ်နေသည် စသည်တို့ကို အဓိက လေ့လာ သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းကော်မတီက တရားဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်မည့် တည်ဆဲ ဥပဒေများသည် အချိန်အခါနှင့် ကိုက်ညီမှု ရှိမရှိ၊ အုပ်ချုပ်ရေး ဆိုင်ရာ အကျိုး သက်ရောက်မှု၊ တရားရုံးများနှင့် ပတ်သက်သည့် အကြောင်းရင်းများနှင့် သတင်း ဖြန့်ချိရေး လုပ်ငန်း စသည့် လုပ်ဆောင်ချက် လေးချက် အနက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူလူထုများ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေ ပညာရှင်များ အပါအ၀င် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီထံမှ သင်ယူ သွားရမည် ဖြစ်ကြောင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြေကြားသည်။

“တရားဥပဒေ စိုးမိုးရေးရှိတဲ့ လူ့အခွင့်အရေးမှာ ဆိုရင် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးကို တရားဥပဒေက အကာအကွယ် ပေးရမယ် ဆိုတဲ့ ယုံကြည်ချက် ရှိဖို့ လိုအပ်ပါတယ်” ဟုလည်း ၄င်းက ဆိုသည်။ လက်ရှိ ပြည်သူများ အကြားတွင် တရားရုံးတွင် အမှု ရင်ဆိုင်မည်ဆိုပါက “ ငွေများ တရားနိုင်” ဟူသော စကားကို တွင်တွင်ကျယ်ကျယ် ပြောဆိုနေခြင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကို ညွန်းဆိုခြင်း ဖြစ်ကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားသည်။

တရားလွတ်တော် ရှေ့နေ ဦးကိုနီကလည်း “ တရားဥပဒေဟာ တဖြည်းဖြည်း ယိုယွင်းလာတာဟာ တရားဥပဒေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ပါ ယိုယွင်းလာပါတော့တယ်” ဟု ဆိုသည်။ပြည်သူများ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် ပြုပြင်ပြောင်းလဲရေး မူဝါဒ တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ရန် လိုအပ်ပြီး ရေရှည် ဆောင်ရွက်ရန် လုပ်ငန်းစဉ်နှင့် ရေတို သက်ရောက်မှု ရှိသော လုပ်ငန်းရှင်များကို လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ၄င်းက အကြံပြု ပြောကြားသည်။

ဝါရင်ရှေ့နေကြီး ဦးတင်ယုက “ဥပဒေတွေ မပြင်ခင် ရှိပြီးသား ဥပဒေတွေကို ပြည်သူတွေ လိုက်နာ လေ့လာနိုင်မယ် ဆိုရင် တရားဥပဒေစိုးမိုးရေး ၈၀ ရာခိုင်နှုန်း အောင်မြင်ပြီလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီနှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တက်ရောက်၍ အမှာစကား
 ပြောကြားခဲ့သည်။

The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )