လှိုင်သာယာမြို့နယ် ( ၄ )ရပ်ကွက်အလုပ်သမား စံပြနေအိမ်စုမှ မိသား
စုဝင်များက FMI ကုမ္ပဏီမှရွှေ့ပြောင်း
ခိုင်းမှုအပေါ်ယနေ့ ဆန္ဒ
ထုတ်ဖော်ခဲ့ကြသည်။
အလုပ်သမားစံပြနေအိမ်စုမှ FMI City မိန်းဂိတ်ရှေ့သို့ချီတက်ဆန္ဒပြခဲ့ကြပြီး
၎င်းဂိတ်ဝရှေ့တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ခွင့်ပြုမိန့်အတိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ကြွေးကြော်သံများ ပါဝင်ခြင်းမရှိဘဲ
ဆိုင်းဘုတ်ငယ် ၇ ခုနှင့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်
ခဲ့ခြင်းဖြစ်သည်။
၎င်းဆန္ဒပြပွဲကို ယနေ့နံနက် ၁၀နာရီမှ ၁၁ နာရီအထိပြုလုပ်ခဲ့ရာ ခွင့်ပြုဦးရေ ၂၀၀
ရှိသော်လည်း ခြိမ်းခြောက်မှုနှင့်တရားစွဲဆိုမှု အချို့ကြောင့် လာရောက်ဆန္ဒပြသူ
၄၀ခန့်သာရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူဦးသောင်းစိန်ကပြောသည်။
၎င်းအလုပ်သမားနေအိမ်စုတွင် မိသားစုဦးရေ ၅၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော်
နေထိုင်လျက်ရှိပြီး လွန်ခဲ့သော ၁၀နှစ်ခန့်ကတည်းက နေထိုင်ခဲ့ကြသော
သူများဖြစ်ကြောင်း ဦးသောင်းစိန်ထံမှသိရသည်။
Popular News
6:35 PM
Admin


Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com