22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

ရွန်နီကို ဒဏ်ရာ ရစေသည့် ဖိနပ်ကို ဆက်လက် စစ်ဆေးမည့် PFA

အင်္ဂလန် ပရော်ဖက်ရှင်နယ် ကစားသမားများ အဖွဲ့ချုပ် (PFA)က ဝိန်းရွန်နီကို ဆိုးဆိုးရွားရွား စုတ်ပြဲဒဏ်ရာ ရသွားစေသည့် ဟူဂို ရိုဒယ်လီဂါ၏ ဘောလုံးကန် ဖိနပ်ကို စစ်ဆေးသွားမည် ဖြစ်သည်။

ဖူလ်ဟမ် အသင်း၏ တိုက်စစ်မှူးသည် မန်ချက်စတာ ယူနိုက်တက် ရှေ့တန်းလူ ရွန်နီ၏ ပေါင်ကို မတော်တဆ ကန်မိရာမှ ရွန်နီတွင် ကြီးမား နက်ရှိုင်းသော စုတ်ပြဲဒဏ်ရာ တစ်ခု ရရှိခဲ့သည်။ PFA အကြီးအကဲ ဂေါ်ဒွန်တေလာက ယင်းဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ရိုဒယ်လီဂါ၏ ဖိနပ်ကို နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ဆိုသည်။ တေလာက "လိုက်စုံစမ်းမှုတွေက လက်ရှိ လုပ်ဆောင်နေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဒါကို လေ့လာစုံစမ်းနေတာ မပြီးသေးပါဘူး" ဟု ပြောကြားခဲ့သည်။



PFAသည် ယခုဖြစ်စဉ် အပြီးတွင် အနာဂတ်၌ အလားတူ မတော်တဆမှုမျိုး ထပ်မံ မပေါ်ပေါက်ရန် အတွက် ဘောလုံးကန် ဖိနပ်များကို သေချာ စစ်ဆေးသွားရန် စီစဉ်ထားသည်။ ရွန်နီသည် ရိုဒယ်လီဂါနှင့် ထိခိုက်မှု အတွင်း ပေါင်သား ဆိုးဆိုးရွားရွား စုတ်ပြဲသွားပြီး ဒဏ်ရာကို ပြန်ချုပ်ခဲ့ရသည်။ ဆရာဝန်များက ရွန်နီ၏ ဒဏ်ရာသည် (၁)မီလီမီတာမျှ နေရာ လွဲသွားပါက ပေါင်ရှိ သွေးကြောမကြီးကို စုတ်ပြတ် သွားစေနိုင်ပြီး (၁၀)မိနစ်အတွင်း သွေးထွက်လွန်ပြီး သေဆုံး သွားနိုင်ကြောင်း ရှင်းပြခဲ့သည်။ တေလာက ရိုဒယ်လီဂါ၏ ဖိနပ်များကို ထိုပွဲအတွင်းက စတုတ္ထ ဒိုင်လူကြီး ဖီးလ်ဂစ်ဘ်က စစ်ဆေးပြီး ဖြစ်သော်လည်း မိမိတို့ အနေဖြင့် အသေးစိတ် သုတေသန ပြုလုပ် သွားလိုခြင်းဖြစ်ကြောင်း ပြောဆိုသွားသည်။

ဆရာဝန်များက ရွန်နီ၏ ဒဏ်ရာသည် (၁)မီလီမီတာမျှ နေရာလွဲသွားပါက ပေါင်ရှိ သွေးကြောမကြီးကို စုတ်ပြတ်သွားစေနိုင်ပြီး (၁၀)မိနစ်အတွင်း သွေးထွက်လွန်ပြီး သေဆုံးသွားနိုင်ကြောင်း ရှင်းပြခဲ့...

အသက်(၂၆)နှစ်ရှိ ရွန်နီက "ရိုးရိုးသားသား ပြောရရင် ကျွန်တော် တော်တော်ကြီး ကံကောင်းသွားတယ်။ ထိတဲ့ ဒဏ်ရာက သွေးကြောနဲ့ (၁)မီလီမီတာပဲ ဝေးတယ်။ ခုအတိုင်းဆို ဒဏ်ရာရတာကို အရမ်း အဆိုးမြင်လို့တောင် မရပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကံကောင်းခဲ့တယ်လေ" ဟု ပြောကြား သွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )