22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

ဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ အပါအ၀င် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄) ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
Photo courtesy of SINOPEC WEEKLY
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ပူးပေါင်းပြီး မကွေးတိုင်းအတွင်း ရေနံ ရှာဖွေနေသော ဆီနိုပက်ကုမ္ပဏီ၏ ရေနံတွင်းတူးစင်တစ်ခု ဖြစ်ပါသည်။

ဆီနိုပက်ကုမ္ပဏီဟာ မြန်မာအစိုးရပိုင် (MOGE) မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ရေနံ ရှာဖွေနေရာမှာ ပုံတောင်ပုံညာ တောင်တန်းရဲ့ တဖက်တချက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောနဲ့ ထီးလင်းမြို့တွေမှာ မနှစ်ကစလို့ မြေပြိုမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။
အဲဒီဒေသတွေမှာ တွင်းတူးမှု၊ မိုင်းခွဲမှု၊ တိုင်းတာမှု စတဲ့ ရေနံရှာဖွေရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေက ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ သစ်တောကြိုးဝိုင်းတွေနဲ့ လူနေရပ်ကွက်တွေပါမချန် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ယာမြေတွေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက် ဆီနိုပက်ကုမ္ပဏီကို ဥပဒေအရ တရားစွဲဆိုပြီး လျော်ကြေး သတ်မှတ်တောင်းဆိုဖို့ ဒေသခံတွေက အထက်အာဏာပိုင်တွေထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။
မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )