
ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး 
 
တစ်ဦးသည် ၎င်း၏ လိင်တူ 
စိတ်ဝင်
စားသည့် သမီးဖြစ်သူအား ကျလောက်အောင် 
ဆွဲဆောင်နိုင်သည့် 
သတို့သားလောင်းကို
 
 ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု
 ကြေညာခဲ့သည်။ 
 
တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် 
 လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက 
ဆိုသည်။
    
ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး 
တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်
စားသည့် သမီးဖြစ်သူအား ကျလောက်အောင် 
ဆွဲဆောင်နိုင်သည့် သတို့
သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု 
အတည်ပြု
 ကြေညာခဲ့သည်။ 
တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် 
ယင်းအစီအစဉ်အတွက် လျှောက်
ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက 
ဆိုသည်။ လက်ရှိတွင် အသက်
(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် 
သတို့သားလောင်း (၁၀၀)ကျော်မျှ
 ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက
 ဖော်ပြခဲ့သည်။ 
သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း 
ရှာဖွေမည့် 
အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး 
ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။
"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ 
အား
လုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ 
ဆွေးနွေးပါ
ဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက 
"တော်တော်များများ 
တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ 
သူတို့ ဆက်သွယ်လာတာ 
ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ 
ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ 
တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို 
 ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ 
နူးညံ့ပါ
 တယ်"ဟု ရေးသားထားသည်။
အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ 
 နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် 
အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် 
အဆင်ပြေအောင် 
ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက်
 ရေးသားထားပြန်ကြောင်း 
သိရသည်။
 ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့်သူမသည် 
အေးအေး
ချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က 
ပြင်သစ်တွင်
 အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား 
လက်ထပ်ဖူးကြောင်းလည်း 
သတင်းများက ဖော်ပြခဲ့သည်။
စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲ
မရွေး 
ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်
နာတတ်ရပါမယ်။ ဂီဂီက
 ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ 
မိန်းကလေး တစ်ယောက်ပါ။
 မိဘတွေ 
အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု 
ပြောကြားထားသည်။
 ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ 
လက်ထပ်ဖူးသည် 
ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ 
သင့်တော်သော 
အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် 
ဖြစ်လိမ့်မည်ဟု
လည်း အာမခံသွားသည်။  
Plannet News  
 
 Posted in:  နိုင်ငံတကာ
Print
PDF
 
 
 
 
  
1 comments:
ဘယ်မှာလျှောက်လွှာတင်ရမှာတုန်းဗျ....စိတ်ဝင်စားလို့ ...း)ကျုပ်ရဲ့မှော်ပညာနဲ့ညှို့လိုက်မယ်...။
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com