နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင်စီးပွားရေး ဆန်ဆန် ပြုလုပ်နေသည့်
လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ
ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှု
မရှိဟု လွှတ်တော်ကိုယ်စား
လှယ်များ တင်ပြမှုအပေါ် တိကျ သေချာသည် ထောက်အထား
ပေးပါကဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး
တင်ဝင်းက ပြော သည်။
ရဲတပ်ဖွဲ့အနေဖြင့် သက်သေ ခိုင်လုံမှသာ ဖမ်းဆီးအရေးယူမှု ကို ဆောင်ရွက်နိုင်
သည့် အတွက် ခိုင်မာသည့်သတင်းပေးသူရှိပါက သတင်း ပေးသူကို
လျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်ဟု ၄င်းက ပြောသည်။
ယခင်နှစ် ဇူလိုင်လမှ စ၍ လောင်းကစားမှုပပျောက်ရေး စီမံ ချက်ကို ရေးဆွဲ၍
၎င်းတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ပြည်သူများ၏ သတင်းပေးမှုဖြင့်
အထက်ဌာနမှ ဝင်ရောက်ဖမ်းဆီး ခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်စခန်းမှူးနှင့်
နယ်ထိန်းများ ကိုလည်း ပြစ်ဒဏ်ချအရေးယူမှု များ ဆောင်ရွက်ခဲ့ခြင်းလည်း ရှိ
သည်ဟု ¸၄င်းက ပြောသည်။
စီမံကိန်း စတင်အကောင်အ ထည်ဖော်ခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ
၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့
သည့် အရာရှိ ၁၇၄ ဦးနှင့် အခြား အဆင့် တပ်ဖွဲ့ဝင် ၇၉ ဦးကို အရေးယူခဲ့ပြီး နှစ်လုံး၊
ချဲ၊ ဖဲ၊ ဂျင်၊ ဘောလုံးနှင့် အခြားအမှု ၆၆ဝ ကျော်ကိုလည်း ယခင်နှစ်ထက် ပိုမို
အရေးယူနိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။
ဝေမာထွန်း
6:21 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com