
ဆွီဒင် လက်ရွေးစင် ကစားသမားကို လီဗာပူးလ် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်က နွေရာသီတွင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ပြီး ထိုကိစ္စသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု သတင်းများက ဆိုသည်။ ဒဲလ်ဂလစ်ရှ်သည် အသင်းကို ပြန်လည် တည်ဆောက်ရန် စီစဉ်နေရာ တိုက်စစ်အားသန်သော ကွင်းလယ် ဖန်တီးရှင်ကို မျက်စိကျလျှက် ရှိနေကြောင်း Sunday Mirrorက ဖော်ပြခဲ့သည်။ အမ်းလ်သည် ယခုရာသီတွင် AZအတွက် (၁၂)ဂိုးသွင်းကာ နယ်သာလန် အမှတ်ပေး ပြိုင်ပွဲ ဒုတိယ နေရာတွင် ရပ်တည် နေနိုင်ရန် အကူအညီ ပေးထားသည်။

AZ အယ်လ်ခမာ အသင်း၏ ကွင်းလယ်လူ ရက်စ်မက်စ် အမ်းလ်
အသက်(၂၄)နှစ်ရှိ အမ်းလ်၏ တန်ကြေးသည် ပေါင်စတာလင် (၈)သန်းမျှထိ ရှိနိုင်ကြောင်းလည်း သိရသည်။ ဒဲလ်ဂလစ်ရှ်က လီဗာပူးလ်သည် ပြီးခဲ့သည့် (၁၅)လအတွင်း အန်ဒီကာရိုးလ်၊ ဂျော်ဒန်ဟန်ဒါဆင်၊ စတီးဝပ် ဒေါင်းနင်းတို့ကဲ့သို့ ကစားသမား များကို ၀ယ်ယူရန် ပေါင်စတာလင် (၇၅)သန်းမျှထိ အသုံး ပြုခဲ့သော်လည်း ယခုနွေရာသီတွင် လူသစ်များ ထပ်ခေါ်ရန် ငွေကြေးအင်အား အလုံအလောက် ရှိနေဆဲဟု ပြောဆိုထားသည်။ လီဗာပူးလ်၏ ပစ်မှတ် အမ်းလ်ကို လတ်တလောတွင် စပိန်၊ အီတလီနှင့် အင်္ဂလန် ကလပ် အချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
Ref: Goal
ဒဲလ်ဂလစ်ရှ်သည် အသင်းကို ပြန်လည် တည်ဆောက်ရန် စီစဉ်နေရာ တိုက်စစ်အားသန်သော ကွင်းလယ် ဖန်တီးရှင်ကို မျက်စိကျလျှက် ရှိနေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com