အချိန်ဆိုတာကတော့ တကယ့်ကို ရပ်တန့်လို့မရတာပါ။ အသက်ဆိုတာလည်း ဒီအတိုင်းပါပဲ။ တစ်ချိန်က ငယ်ရွယ်တဲ့ ကိုရီးယား အဆိုတော် မိန်းကလေးငယ်လေးတွေ၊ ယောက်ျားလေး ငယ်လေးတွေအဖြစ်နဲ့ အောင်မြင်လာတဲ့ ကနေ့ကိုရီးယားရဲ့စူပါစတား အဆိုတော် အဖွဲ့ဝင် တွေဟာ လူလတ်ပိုင်း အရွယ်ကိုရောက်ရှိ လာတော့ မှာဖြစ် ပြီး သူတို့နောက် မှာတက်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ အဆိုတော်ငယ်ငယ် အသစ်လေးတွေကလည်း တန်းစီလို့စောင့်ကြိုနေပါ တယ်။ လက်ရှိစူပါစတားSNSD (Girls Generation), Wonder Girls, Kara, T-ara, B2ST, and MBLAQ အဖွဲ့ဝင်တွေဟာ ၁၉၈ဝ ခုနှစ်များနောက်ပိုင်းနဲ့ ၁၉၉ဝ ခုနှစ် အလယ်ပိုင်းမှာမွေးဖွား ခဲ့သူတွေ ဖြစ်ပါတယ်။ f(x)’ Sulli, miss A’s Suzy, 4Minute’s Kwon So Hyun နဲ့ Krystal ဟာဆိုရင်၁၉၉၄ ခုနှစ်ဖွားများဖြစ်ပါတယ်။ လက်ရှိနာမည်ကြီး အားလုံးက ပြိုင်တူ အရွယ်ရောက်လာချိန်မှာ သူတို့ထက် ငယ်တဲ့အဆိုတော် တွေ အမြောက်အမြားလည်း ထွက်ပေါ်လို့နေပါတယ်။ ဒါကြောင့် လူလတ်ပိုင်းဖြစ်လာတဲ့ ၁၉၉ဝ ခုနှစ်နောက်ပိုင်းဖွား အဆိုတော်များဟာ သူတို့ရဲ့ idol lifestyle ကို ကနဦး ထိုးဖောက်ခဲ့ရသူတွေဖြစ်လို့အားသာချက်တွေ ရှိသလို နောက်တက်လာမယ့် လူငယ်တွေ ရှိနေ လို့လည်း သူတို့အတွက် အားနည်းချက်တွေရှိ နေပါတယ်။ အထူးသဖြင့် အဆိုတော်ငယ်ငယ် လေးတွေ အသက် ၂ဝ ကျော် သွားပြီဆိုရင် သူတို့ရဲ့ ပရိသတ်တွေ ကလည်း အဆင့်ပိုမြင့်ပြီး နားလည်သူတွေ ဖြစ်လာလို့ သူတို့အရည်အသွေးကို တိုးတက်အောင် မထိန်းနိုင်ရင်၊နာမည်ကျ သွားမှဖြစ်တဲ့အတွက် တေးသံသွင်း ကုမ္ပဏီတွေနဲ့ ကျွမ်းကျင်သူတွေက အကောင်းဆုံး ကြိုးစားကြဖို့ အကြံပေးလျက်ရှိတယ်လို့ သိရပါတယ်။
Friday, April 27, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com