22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

ဆွာရက်ဇ်၏ Hat-Trick ဖြင့် ဂိုးပြတ်နိုင်သည့် လီဗာပူးလ် ~ နောဝှစ်ခ်ျ ၀ - ၃ လီဗာပူးလ်

လီဗာပူးလ် အသင်းသည် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၏ Hat-Trick သွင်းဂိုးများဖြင့် အဝေးကွင်းတွင် ဂိုးပြတ် အနိုင် ရရှိခဲ့သည်။

နောဝှစ်ခ်ျတွင် စတီဗန်မော်ရစ်ဆင်၊ အန်သိုနီ ပီလ်ကင်တန်၊ ဘရက်ဒလေ ဂျွန်ဆင်၊ အီလီယော့ ဘားနက်၊ ဂျိုနသန် ဟိုဆန်၊ ဒေးဗစ်ဖောက်စ်၊ အဒမ် ဒရူရီ၊ အီလီယော့ ၀ါ့ဒ်၊ ရိုင်ယန် ဘန်းနက်၊ ကိုင်လီနော်တန်၊ ဂျွန်ရူဒီတို့ ပါဝင် ကစားခဲ့သည်။ လီဗာပူးလ်တွင်မူ ဆွာရက်ဇ်နှင့် အတူ ကရိတ်ဂ်ျ ဘယ်လာမီ၊ စတီဗင်ဂျရတ်၊ စတီးဝပ် ဒေါင်းနင်း၊ ဂျော်ဒန် ဟန်ဒါဆင်၊ ဂျွန်ဂျိုရှယ်လ်ဗီ၊ ဟိုဆေး အန်ရီကေး၊ ဒန်နီရယ်လ် အဂ္ဂါ၊ ဂျေမီ ကာရေဂါ၊ ဂလင်းဂျွန်ဆင်၊ ပီပီရေနာတို့ ပွဲထွက်လာကြသည်။
Hat-Trick သွင်းယူပေးခဲ့သည့် ဆွာရက်ဇ်

နောဝှစ်ခ်ျသည် အိမ်ကွင်းတွင် ကစားရသော်လည်း ခံစစ်သမားများ၏ တစ်ဦးချင်း အမှားများကြောင့် (၃)ဂိုးစလုံး ဆွာရက်ဇ် သွင်းယူရန် ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ (၂၄)မိနစ်တွင် လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားသည်။ ကွင်းလယ်တွင် လူပေးရန် နှောင့်နှေးနေသည့် ဖောက်စ်၏ ခြေထောက်ထဲမှ ဘောလုံးကို ဂျရတ်က ကြားဖြတ် ရယူပြီး အကောင်းဆုံး ဖန်တီး ပေးပို့လိုက်သည်ကို ဆွာရက်ဇ်က ဘယ်ခြေဖြင့် ခပ်ပြင်းပြင်း အမြောက် ကန်ထည့်သွားခြင်း ဖြစ်သည်။ နောက်ထပ် (၄)မိနစ် အကြာတွင် လီဗာပူးလ်တို့ နောက်တစ်ဂိုး ထပ်ရသည်။ နောဝှစ်ခ်ျ ကစားသမား ၀ါ့ဒ်က ဆွာရက်ဇ်နှင့် ဘောလုံးယှဉ်လုရန် ကြိုးစားမှု မအောင်မြင်သည့်နောက် ဆွာရက်ဇ်က ညာခြမ်းမှ တောက်လျှောက် ဆွဲပြေးကာ အနိမ့်ဘော အပြင်းကန်သွင်းခဲ့သည်။ ပထမပိုင်း အပြီးတွင် လီဗာပူးလ်က (၂-၀)ဖြင့် ဦးဆောင် နေခဲ့သည်။

ဒုတိယပိုင်း (၅၁)မိနစ်တွင် နောဝှစ်ခ်ျအသင်းမှ ဘန်းနက် လှမ်းကန်သော ဘောလုံးကို လီဗာပူးလ် ဂိုးသမား ရေနာ ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ (၅၂)မိနစ်တွင် ဒေါင်းနင်းနှင့် ဆွာရက်ဇ်တို့ ပူးပေါင်း တိုက်စစ်ဆင်လာရာမှ ရှယ်လ်ဗီ ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးဘားတန်းကို ဘောလုံးထိထွက်သွားသည်။ နောဝှစ်ခ်ျ အသင်းမှ လူစားဝင် တိုက်စစ်မှူး ဗော်ဂန်သည် လီဗာပူးလ်ကို တန်ပြန် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး (၈၂)မိနစ်တွင် Volley ကန်ချက်ဖြင့် ဂိုးသွင်းရန် အားထုတ်ခဲ့သော်လည်း ကာရေဂါက ပိတ်ဆို့သွားသည်။ (၈၃)မိနစ်တွင် ဆွာရက်ဇ်က ၎င်း၏ Hat-Trickဘွဲ့ခံ ဂိုးကို လှပစွာ သွင်းယူခဲ့သည်။ လီဗာပူးလ် နောက်တန်းမှ ရှင်းထုတ်လိုက်သော ဘောလုံးကို ဆွာရက်ဇ်နှင့် ယှဉ်လုရာတွင် နောဝှစ်ခ်ျ နောက်ခံလူ ၀ါ့ဒ် ဒုတိယ အကြိမ်မြောက် အမှားကြုံခဲ့သည့်နောက် ဆွာရက်ဇ်က ကွင်းလယ်စည်းနှင့် ကိုက်အနည်းငယ်မျှ အဝေးမှ ဂိုးထဲ လှမ်းကန် ထည့်ခဲ့ခြင်း ဖြစ်သည်။ အတန်ငယ် ဂိုးရှေ့ရောက်နေသော နောဝှစ်ခ်ျဂိုးသမား ရူဒီသည် ထိုဘောလုံးကို နောက်ဆုတ် ပုတ်ထုတ်ရန် ကြိုးစားသော်လည်း ဆွာရက်ဇ်၏ ကန်ချက် တိကျလွန်းသဖြင့် ဂိုးဝင်သွားကာ လီဗာပူးလ် အသင်း (၃-၀)ဖြင့် အနိုင် ရသွားသည်။
Ref: Eurosport
ဖောက်စ်၏ ခြေထောက်ထဲမှ ဘောလုံးကို ဂျရတ်က ကြားဖြတ် ရယူပြီး အကောင်းဆုံး ဖန်တီး ပေးပို့လိုက်သည်ကို ဆွာရက်ဇ်က ဘယ်ခြေဖြင့် ခပ်ပြင်းပြင်း အမြောက် ကန်ထည့်သွား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )