ချယ်လ်ဆီး အတွက် အထွဋ်အထိပ် အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို ရယူ ပေးပြီးနောက် ဒီဒီရာ ဒရော့ဂ်ဘာသည် စတမ်းဖို့ဒ် ဘရစ်ဂ်ျကို စွန့်ခွာတော့မည် ဖြစ်သည်။
ချန်ပီယံလိဂ် သရဖူအတွက် သေချာစေသော ပင်နယ်တီ ကန်ချက်သည် ချယ်လ်ဆီး ဂျာစီဖြင့် ဒရော့ဂ်ဘာ၏ နောက်ဆုံးသော ဘောလုံး ထိတွေ့မှု ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီ ဖြစ်သော အိုင်ဗရီကို့စ် လက်ရွေးစင်သည် ချယ်လ်ဆီးကို စွန့်ခွာကာ တရုတ်ကလပ် ရှန်ဟိုင်း ဆင်ဟွာသို့ ပြောင်းရွှေ့ရန် အလွန် နီးစပ်နေသည်။ ချယ်လ်ဆီး အသင်းဖော်ဟောင်း နီကိုလက်စ် အနယ်လ်ကာ ကိုင်တွယ်နေသော ကလပ် အသင်းသည် ဒရော့ဂ်ဘာအား တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းခွဲ အသားတင် ပေးချေကာ ခေါ်ယူရန် အသင့် ဖြစ်နေသည်။
ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် လက်ရှိ ဥရောပ ချန်ပီယံသစ် ဖြစ်လာသော ကလပ် အသင်းအား သွေးသစ်များဖြင့် ပြောင်းလဲ ဖွဲ့စည်းရန် ငွေကြေး အလုံးအရင်း မြှုပ်နှံလာဖွယ် ရှိနေရာ အသက်(၃၄)နှစ်ရှိ ဒရော့ဂ်ဘာ၏ လမ်းခွဲမှုကို တားဆီးတော့မည် မဟုတ်ချေ။ ချယ်လ်ဆီးသည် ယခု သီတင်းပတ်အတွင်း ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယို၏ အနာဂတ်နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးဖွယ် ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ချယ်လ်ဆီးသည် ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာကို မန်နေဂျာ အဖြစ် ခန့်အပ်ရန် ဆန္ဒ ရှိနေသော်လည်း အသင်း ဥက္ကဋ္ဌ ဘရုစ်ဘာ့ခ်က ယခုအခါ မိမိတို့သည် ကစားသမား အားလုံး တညီတညွတ်တည်း ထောက်ခံနေသည့် ဒီမက်တီယိုကို မစဉ်းစား၍ မရတော့ဟု ၀န်ခံခဲ့သည်။
ဘာ့ခ်က "ဒီမက်တီယိုက အသင်းအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကစားသမားတွေဆီက အသံတွေကို ပြန်ကြားပါတယ်။ သူတို့တွေက ဒီမက်တီယိုကို သဘော ကျကြတယ်။ သူ့ကို မန်နေဂျာ ဖြစ်လာစေချင် ကြတယ်လေ" ဟု ထုတ်ဖော် ပြောဆိုသွားသည်။
Ref: Daily Mail
ချန်ပီယံလိဂ် သရဖူအတွက် သေချာစေသော ပင်နယ်တီ ကန်ချက်သည် ချယ်လ်ဆီး ဂျာစီဖြင့် ဒရော့ဂ်ဘာ၏ နောက်ဆုံးသော ဘောလုံး ထိတွေ့မှု ဖြစ်လာနိုင်ကြောင်း သတင်းများက ဆို...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com