မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်က ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည် ဆိုခြင်းကို အတည်ပြု ပြောကြားလိုက်သည်။
ဘူလ်ဂေးရီးယား ကစားသမားက ၎င်း၏ မန်ယူ ကစားသမား ဘ၀ ဆုံးခန်း တိုင်သွားပြီ ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ် ဆက်မရှိ နိုင်တော့ကြောင်း ထုတ်ဖော် ပြောကြားသွားသည်။ လွန်ခဲ့သော (၄)နှစ်က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၃၀)ဖြင့် တော့တင်ဟမ် ဟော့စပါးမှ ပြောင်းရွှေ့ လာသော ဘာဘာတော့ဗ်သည် မန်ယူ အသင်းတွင် ပွဲထွက်နေရာ ရရှိရေးအတွက် လူငယ်များ ဖြစ်သော ဒန်နီဝဲလ်ဘက်နှင့် ဟာဗီးယား ဟာနန်ဒက်ဇ်တို့ကို မကျော်နိုင်ခဲ့ချေ။
ဘူလ်ဂေးရီးယား ရုပ်မြင်သံကြားဌာန BTVနှင့် အင်တာဗျူးတွင် ၎င်းက "ကျွန်တော် မန်ယူနဲ့အတူ ဖြတ်သန်းနေတဲ့ အချိန်တွေက ကုန်ဆုံး သွားပါပြီ။ အသင်းရဲ့ အဖိုးတန် အစိတ်အပိုင်း တစ်ခုလို့လည်း ကိုယ့်ကိုယ်ကိုယ် မခံစားရတော့ပါဘူး။ ကျွန်တော် မန်ယူမှာ ရလာတဲ့ အခွင့်အလမ်း တချို့ကို ကောင်းကောင်း အသုံး ချနိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော် ကြုံနေရတဲ့ အခြေအနေတွေကြောင့် နည်းနည်းတော့ စိတ်ပျက်မိတယ်။ ကျွန်တော်က ခုလက်ရှိ အနေအထားနဲ့ မထိုက်တန်ဘူးလို့လဲ တွေးမိပါတယ်" ဟု ပြောကြားသွားသည်။ ဘောလုံးကစားရာတွင် ခေါင်းအေးအေးဖြင့် ကိုင်ကစား တတ်သည့် ဘာဘာတော့ဗ်သည် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ကစားကွက်တွင် အပြည့်အ၀ အံမ၀င်ခဲ့ချေ။
ကျွန်တော် မန်ယူမှာ ရလာတဲ့ အခွင့်အလမ်း တချို့ကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော် ကြုံနေရတဲ့ အခြေအနေတွေကြောင့် နည်းနည်းတော့ စိတ်ပျက်မိတယ်။ ကျွန်တော်က ခုလက်ရှိ အနေအထားနဲ့ မထိုက်တန်ဘူးလို့လဲ တွေးမိပါတယ်...
ဘာဘာတော့ဗ်က "ကျွန်တော် မန်နေဂျာနဲ့ (၁၀)ကြိမ်လောက်၊ ဒါမှမဟုတ် ဒီထက်မက ဆွေးနွေးဖူးပါတယ်။ သူက အမြဲပြောတယ်။ အသင်းမှာ ကျွန်တော့်အတွက် နေရာတစ်ခု ရှိပါတယ်တဲ့။ ပြီးတော့ အရန်ခုံမှာ ကျွန်တော် ဆက်ထိုင် နေခဲ့ရတယ်။ ကျွန်တော့်မှာလည်း သိက္ခာတစ်ခု ရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မန်နေဂျာနဲ့ ဘာမှ မဆွေးနွေးတော့ပါဘူး။ ကျွန်တော် မန်ယူကနေ ထွက်ပါတော့မယ်။ ထွက်သင့်ပြီ ဆိုတာကလည်း သိသာနေပါတယ်" ဟု ပြောကြားသွားသည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com