ရုရှားမှ ကြွယ်ဝ ချမ်းသာသော အန်ဇီး အသင်းသည် အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား ရရှိရေး အားပြိုင်နေမှု များတွင် ပါဝင်လာပြီ ဖြစ်သည်။
အန်ဇီးသည် မန်ချက်စတာ စီးတီး၊ ရီးယဲလ် မက်ဒရစ်နှင့် ဘာစီလိုနာတို့ စိတ်ဝင်စားနေသည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးအား ပေါင်စတာလင် (၄၅)သန်းထိ ဈေးပေး ခေါ်ယူရန် အသင့် ဖြစ်နေကြောင်း သိရသည်။ အန်ဇီး အသင်းပိုင်ရှင် ဆူလီမန် ကာရီမော့ဗ်သည် ဗန်ပါစီအတွက် တစ်ပတ်လုပ်ခ အသားတင် ပေါင်စတာလင် သုံးသိန်းထိ ပေးချေမည်ဟုလည်း သတင်း ထွက်နေရာ ယင်းသာ အမှန်ဆိုပါက ငွေသုံးကြမ်းလှသည့် မန်စီးတီးပင် အံ့ဩသွားရမည့် အခြေအနေမျိုး ဖြစ်လာသည်။ ဗန်ပါစီ အနေဖြင့် တစ်နှစ်လျှင် အခွန်နုတ်ပြီး ပေါင်စတာလင် (၁၅)သန်းထိ ရရှိမည့် သဘောဟု သတင်းများက ဆိုသည်။
အန်ဇီးနည်းပြ ဂူးစ်ဟစ်ဒင့်ခ်သည် ဗန်ပါစီအား ပစ်မှတ်ထားနေကြောင်း အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်သည်။ နယ်သာလန်သား ဟစ်ဒင့်ခ်က "ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကျွန်တော်တို့ဟာ အန်ဇီးကို တည်ဆောက်ဖို့အတွက် အရမ်းကောင်းမွန်တဲ့ ကစားသမား ခေါ်ယူ ရင်းနှီးမြှုပ်နှံမှု (၂)ခုလောက် လုပ်ဖို့ ရှိပါတယ်။ အသင်းဟာ ကမ္ဘာ့ဘောလုံး လောကမှာ ခုထက်ပိုပြီး ထည်ထည်ဝါ၀ါ ရပ်တည်လာမှာပါ" ဟု ဆိုသည်။ ၎င်းက "အရင်ကတော့ ကျွန်တော်နဲ့ နိုင်ငံတူ နယ်သာလန် ကစားသမား တစ်ယောက်ယောက်ကို ခေါ်ဖြစ်မယ်လို့ ကျွန်တော် မတွေးမိဘူး။ ခုတော့ အဲဒီကိစ္စက ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ" ဟုလည်း ပြောကြားသွားသည်။
အရင်ကတော့ ကျွန်တော်နဲ့ နိုင်ငံတူ နယ်သာလန် ကစားသမား တစ်ယောက်ယောက်ကို ခေါ်ဖြစ်မယ်လို့ ကျွန်တော် မတွေးမိဘူး။ ခုတော့ အဲဒီကိစ္စက ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ...
အန်ဇီးသည် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးအား ကမ္ဘာပေါ်တွင် လုပ်ခအများဆုံး ကစားသမားအဖြစ် ရပ်တည် နေစေခဲ့သည်။ ကင်မရွန်း လက်ရွေးစင် အီတူးသည် တစ်ပတ်လျှင် ပေါင်စတာလင် သုံးသိန်းနှစ်သောင်း ခံစားခွင့် ရှိနေကြောင်း သတင်းများက ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com