VS
ယာယီနည်းပြ ဦးတင်မောင်ထွန်း ဦးဆောင်သည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ကစားသမားသစ် ဆီဇာ၏ ဟက်ထရစ်ဂိုး အပါအ၀င် စုစုပေါင်း (၆)ဂိုးသွင်းယူကာ အသင်းငယ် ချင်းယူနိုက်တက်အား ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မေလ (၂၁)ရက်နေ့ ညနေပိုင်းက အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ရန်ကုန် အသင်းဘက်၌ ပွဲပယ်ခံထားရသည့် ရန်အောင်ကျော်မှ လွဲ၍ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ချင်းဘက်တွင်လည်း လာကျဲအိုလွယ်၊ အောင်မျိုးသန့် အစရှိသည့် ၀ါရင့် ကစားသမားများ ပါဝင်လာခဲ့ကာ ရန်ကုန် ယူနိုက်တက်အား ရင်ဆိုင်ခဲ့သည်။ ယခုပွဲတွင် ရန်ကုန် ကစားသမား ကြည်လင်း အထူးခြေစွမ်းပြ ကစားခဲ့ကာ ကိုယ်တိုင် တစ်ဂိုး သွင်းယူပြီး နှစ်ဂိုး ဖန်တီး ပေးနိုင်ခဲ့သည်။
နည်းပြသစ် ကိုင်တွယ်သည့် ပထမဆုံး ပွဲစဉ်ဖြစ်သဖြင့် ရန်ကုန် အသင်းက ပွဲအစတည်းက ဂိုးရရှိရေး ဖိကစားခဲ့ပြီး ကစားသမားများ ဆန္ဒစောနေ၍ ဂိုးမရဘဲ ဖြစ်နေခဲ့သည်။ သို့သော် (၁၆)မိနစ်တွင် ဆီဇာက ခေါင်းတိုက် အဖွင့်ဂိုး စတင်သွင်းယူ ပေးခဲ့ကာ (၃၂)မိနစ်တွင် ဒေးဗစ်ထန်က ဒုတိယဂိုး ထပ်သွင်း ပေးခဲ့သည်။ ထို့နောက် (၃၉)မိနစ်တွင် ကြည်လင်း ဖန်တီးပေးပို့မှုမှာ ဆီဇာက ပိတ်သွင်းကာ ပထမပိုင်း အပြီး (၃)ဂိုးပြတ် ဦးဆောင် နေခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်တို့ ဆက်လက် ဖိကစားခဲ့ကာ ပြန်စစချင်းမှာပင် ကြည်လင်းက ဆီဇာ ဖန်တီးပေးသည့် ဘောလုံးအား နောက်ခံလူ တစ်ဦးနှင့် အပြိုင်ပြေး ကန်သွင်းပြီး နောက်တစ်ဂိုး ရယူပေးခဲ့သည်။ (၆၅)မိနစ်တွင် ခင်မောင်လွင် ဖြတ်တင် ပေးရာမှ ဆီဇာက နောက်တစ်ဂိုး သွင်းယူ ပေးခဲ့ကာ ပဉ္စမမြောက်ဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် ချင်းယူနိုက်တက် အသင်းက အပြန်အလှန် ကစားလာနိုင် ခဲ့သော်လည်း ဂိုးရရှိရန်မူ စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ပေ။ (၈၁)မိနစ်တွင် ရန်ကုန်တို့ အတွက် ပွဲသိမ်း အနိုင်ဂိုးအား မျိုးမင်းထွန်းက ကြည်လင်း ဖန်တီးရာမှ သွင်းယူခဲ့သည်။
ထိုရလဒ်ကြောင့် ရန်ကုန် ယူနိုက်တက် အသင်းသည် အမှတ်ပေး ဇယား ဦးဆောင်သူ ရတနာပုံ အသင်း၏ နောက်တွင် ရမှတ် (၃)မှတ်အကွာ ဒုတိယ နေရာ၌ ရပ်တည်ခွင့် ရခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com