မိမိ၏ အနာဂတ်ကို တိတိကျကျ ရွေးချယ်ခြင်း မပြုရသေးဘဲ မန်ချက်စတာ နှစ်သင်းအပြင် ချယ်လ်ဆီး သို့လည်း ပြောင်းရွှေ့နိုင်ကြောင်း အီဒင်ဟာဇက်က ဖွင့်ဟ ပြောကြားခဲ့သည်။
အစောပိုင်းက မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့၏ အပြိုင်အဆိုင် ချိတ်ဆက်ခြင်းကို ခံခဲ့ရသူ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးက ချယ်လ်ဆီး၏ ချန်ပီယံလိဂ် အောင်ပွဲသည် မိမိကို ဖမ်းစားနိုင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် အဆင့်(၆)တွင် ရပ်တည်ခဲ့သဖြင့် ချန်ပီယံလိဂ် ကစားခွင့် မရနိုင်သည့် အခြေအနေမှ ယခုအခါ လက်ရှိ ချန်ပီယံ အဖြစ် လာမည့်နှစ် ပြိုင်ပွဲအတွက် ပါဝင်ခွင့် ရလာပြီဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ဟာဇက်က ယခုအခါ မိမိသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန်ပါ တွေးတော မိနေကြောင်းနှင့် လတ်တလော မည်သည့် ဆုံးဖြတ်ချက်ကိုမှ မချမှတ် ရသေးကြောင်း ပြောကြားလိုက်သည်။
ဟာဇက်က "ကျွန်တော် ဘာမှ မရွေးချယ်ရသေးဘူးလေ။ ပြီးတော့ ဘယ်အသင်းနဲ့မှလည်း လက်မှတ် မထိုးရသေးဘူး"ဟု ဆိုသည်။ ၎င်းက ချယ်လ်ဆီးသို့ ပြောင်းရွှေ့နိုင်သည့် အလားအလာနှင့် ပတ်သက်ပြီး "ဟုတ်ကဲ့။ သူတို့ဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပါပြီ။ ပြီးတော့ နောက်ရာသီမှာ ပြိုင်ပွဲဝင်ခွင့်လည်း ရခဲ့တယ်။ ဒီအချက်က ချန်ပီယံ လိဂ်မှာ ကစားချင်တဲ့ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ ချယ်လ်ဆီးဟာ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်း တစ်ခုပါ။ ချယ်လ်ဆီးဟာ ကျွန်တော့် ရွေးချယ်မှု အတွက် ဖြစ်နိုင်ခြေရှိတဲ့ အသင်းတစ်သင်းလို့ ဆိုနိုင်ပါတယ်" ဟုလည်း ပြောဆိုသွားသည်။
Ref: Eurosport
ချယ်လ်ဆီးဟာ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်း တစ်ခုပါ။ ချယ်လ်ဆီးဟာ ကျွန်တော့် ရွေးချယ်မှု အတွက် ဖြစ်နိုင်ခြေရှိတဲ့ အသင်းတစ်သင်းလို့ ဆိုနိုင်ပါတယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com