မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် သေချာ ခဲ့သော်လည်း ဘောလုံးသမား ဘ၀တွင် ဆက်လက် ကျင်လည် နေဦးမည်ဟု မိုက်ကယ် အိုဝင်က အတည်ပြုခဲ့သည်။
အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် ဒဏ်ရာများကြောင့် အိုးလ်ထရက်ဖို့ဒ်တွင် လှပသာယာသော ရက်စွဲများကို မဖြတ်သန်း၊ မပိုင်ဆိုင် ခဲ့ရချေ။ အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ပြုလုပ်သွားမည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည့်နောက် အိုဝင်သည် မန်ယူနှင့် ရာသီကုန်တွင် လမ်းခွဲမည် ဖြစ်သည်။ သို့သော်လည်း ၎င်းက ထိုဖြစ်ရပ်သည် မိမိ၏ ကစားသမားဘ၀ ဆုံးခန်းတိုင်သွားခြင်း မဟုတ်သေးဟု အခိုင်အမာ ပြောဆိုခဲ့သည်။
![မန်ယူမှ ထွက်ခွာတော့မည့် အိုဝင်](http://soccermyanmar.com/images/big1/art/185/mo_b.jpg)
အိုဝင်က "ကျွန်တော်ကတော့ ကိုယ့်ဆီမှာ ရှိတဲ့ ဂိုးသွင်း စွမ်းရည်တွေ ပျောက်ဆုံးသွားပြီ၊ အဆင့် အမြင်ဆုံး ပြိုင်ပွဲတွေမှာ ကစားနိုင်စွမ်း ကုန်သွားပြီလို့ မထင်ပါဘူး" ဟု ဆိုသည်။ ၎င်းက "ကျွန်တော် ထိပ်တန်း ပြိုင်ပွဲတွေမှာ ကစား နိုင်ဆဲလို့ ခံစားမိနေတုန်းပါ။ ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကို စောင့်ကြည့် ပါမယ်။ ကျွန်တော် ပရီးမီးယား လိဂ်မှာ ဆက်ကစား ချင်ပါတယ်။ ချန်ပီယံရှစ်ဟာ ကျွန်တော့်အတွက် ရွေးချယ်စရာ မဟုတ်ဘူးလို့ ခံယူ ထားပါတယ်။ ဒါက ရိုးရိုးသားသား ပြောတာပါ" ဟုလည်း ပြောကြားခဲ့သည်။
ကျွန်တော်ကတော့ ကိုယ့်ဆီမှာ ရှိတဲ့ ဂိုးသွင်း စွမ်းရည်တွေ ပျောက်ဆုံးသွားပြီ၊ အဆင့် အမြင်ဆုံး ပြိုင်ပွဲတွေမှာ ကစားနိုင်စွမ်း ကုန်သွားပြီလို့ မထင်ပါဘူး...
အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး လီဗာပူးလ်၊ ရီးယဲလ်မက်ရစ်၊ နယူးကာဆယ်လ် ယူနိုက်တက် အသင်းများတွင် ကစားဖူးသော အိုဝင်သည် မန်ယူအတွက် ပြိုင်ပွဲအဆင့် ပါဝင်မှုကို ယမန်နှစ် နိုဝင်ဘာလက နောက်ဆုံး ကစားခဲ့သည်။ မန်ယူသည် ကြာသပတေးနေ့က ၎င်းကို အသင်းပြောင်းရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com