နေရာတစ်ခု အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေသော အသင်း၏ အနေအထား အတွက် ကျေနပ် အားရကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် နီမန် ဂျာဗီဒစ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဘောလုံး ရာသီက ဒူးဒဏ်ရာကြောင့် လပေါင်းများစွာ အနား ယူခဲ့ရသော ဆာဘီးယား ဗဟို ခံစစ်မှူးသည် မန်ယူ အသင်း၏ ဖလားလက်မဲ့ ရာသီ သိမ်းမှုကို မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့ဘဲ ကွင်းဘေးထွက် ထိုင်နေခဲ့ရသည်။ သို့သော်လည်း အိုးလ်ထရက်ဖို့ဒ်တွင် ခံစစ်ကြောင်း၌ နေရာ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကိုမူ ဗီဒစ်က ကြိုဆိုနေပြီး ၎င်းအနေဖြင့် အသင်းအတွက် ပြန်ကစားချိန်တွင် ခရစ်စမောလင်း၊ ဖီးလ်ဂျုံးစ်တို့ကဲ့သို့ လူငယ်များနှင့် ယှဉ်ပြိုင် ရမည်ကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ဘလက်ဘန်းရိုဗာမှ ပေါင်စတာလင် (၁၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဂျုံးစ်၊ လွန်ခဲ့သော (၂)နှစ်က ပေါင်စတာလင် (၈)သန်းဖြင့် ဖူလ်ဟမ်မှ ရောက်ရှိလာသူ စမောလင်းတို့သည် အလားအလာ ကောင်းသော ခြေစွမ်းကို ယခု ရာသီတွင် ပြသခဲ့သည်။ ဗီဒစ်က "ဂျွန်နီအီဗန်စ်ဟာ အရမ်း ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်း ပြခဲ့ပြီးပြီ။ စမောလင်းလည်း ကစားတာ ကောင်းတယ်။ သူဒဏ်ရာ မရသွားခင် အထိပေါ့။ ဗဟို ခံစစ်မှာ သူတော်တော်လေး တည်ငြိမ်တယ်။ ရီယို ဖာဒီနန်ကတော့ ကြံ့ခိုင်မှုပိုင်း တော်တော် ရုန်းကန် ခဲ့ရပြီးမှ ခြေစွမ်းပုံမှန် ဖြစ်လာတယ်။ နောက်ပြီး ဂျုံးစ်ကလည်း သူ့ရဲ့ အစွမ်းအစကို သက်သေ ပြနိုင်ခဲ့တယ်" ဟု ဆိုသည်။
ဂျွန်နီအီဗန်စ်ဟာ အရမ်းကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းပြခဲ့ပြီးပြီ။ စမောလင်းလည်း ကစားတာ ကောင်းတယ်။ သူဒဏ်ရာ မရသွားခင် အထိပေါ့။ ဗဟိုခံစစ်မှာ သူတော်တော်လေး တည်ငြိမ်တယ်။ ရီယို ဖာဒီနန်ကတော့ ကြံ့ခိုင်မှုပိုင်း တော်တော် ရုန်းကန်ခဲ့ရပြီးမှ ခြေစွမ်းပုံမှန် ဖြစ်လာတယ်။ နောက်ပြီး ဂျုံးစ်ကလည်း သူ့ရဲ့ အစွမ်းအစကို သက်သေ ပြနိုင်ခဲ့တယ်..
၎င်းက "ခုချိန်မှာ မန်ယူခံစစ် အတွက် နေရာတစ်ခု ပုံမှန်ရမယ်လို့ ကျွန်တော် မထင်ဘူး။ ဘယ်သူမှလည်း ထင်မှာ မဟုတ်ဘူး။ ဒီအခြေအနေမှာ လူတိုင်း ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ ပိုပြီးကောင်းအောင် ကြိုးစား ကစားရမယ်။ ပွဲစဉ်တွေ အများကြီး ဖြတ်သန်းရမယ့် ရာသီ တစ်ခုမှာ ဒီအားပြိုင်မှုဟာ ကစားသမားတွေ အတွက် ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေမှာပါ" ဟုလည်း သုံးသပ်ခဲ့သည်။ ဗီဒစ်က မန်ယူအသင်း (၈၉)မှတ်ထိ ရခဲ့သော်လည်း ပရီးမီးယားလိဂ် ဖလားကို လက်လွှတ် ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အရှိအတိုင်း လက်ခံ ရမည်ဟုလည်း ပြောကြားသွားသည်။
"ကျွန်တော်တို့ ဖလား မရခဲ့ပါဘူး။ ဒီတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဘယ်ပြောလို့ ရမလဲ။ ဒါပေမဲ့ ကျွန်တော်တို့ သတိရသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။ ဒီရာသီ မစတင်ခင် ကစားသမား တချို့ ထွက်ခွာသွားတယ်။ လူငယ်လေးတွေက သီတင်းပတ်တိုင်း ကစားရတဲ့ အခြေအနေနဲ့ အသားကျအောင် ကြိုးစားနေရဆဲပဲ ရှိသေးတယ်။ မန်ယူလို အသင်း တစ်ခုအတွက် ကျွန်တော်တို့ဟာ အရာရာကို မြင့်မြင့်မားမား မျှော်လင့်ဆဲပါ"ဟု ဗီဒစ်က ပြောဆိုသွားခဲ့သည်။
Ref: Soccerway
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com