မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ချန်လှပ် ခံရခြင်းသည် ဂျွန်တယ်ရီ၏ လူမျိုးရေး ခွဲခြားမှု ပြဿနာနှင့် မဖြစ်မနေ ဆက်စပ် နေမည်ဟု အာဆင်နယ်နှင့် တော့တင်ဟမ် ဟော့စပါး ဂန္ထ၀င် ခံစစ်မှူးဟောင်းကြီးက အခိုင်အမာ ယူဆလျှက် ရှိသည်။ ဖာဒီနန်၏ ညီဖြစ်သူ အန်တန် ဖာဒီနန်ကို ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီက လူမျိုးရေး ခွဲခြားခဲ့သည့် ကိစ္စကြောင့် ၎င်းတို့ နှစ်ဦးကြား ပြဿနာများ ရှိနေသည်။ ဟော့ဂ်ဆန်က အသက်(၃၃)နှစ်ရှိ ဖာဒီနန်ကို ကြံ့ခိုင်မှု အနေအထား အရ ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းအတွက် မရွေးချယ်ခဲ့ဟု ဖြေရှင်း ထားသော်လည်း ကမ့်ဘဲလ်ကမူ ယင်းကို ယုံကြည်ရန် ခက်ခဲလျှက် ရှိသည်။
အင်္ဂလန် အတွက် (၇၃)ပွဲ ကစား ပေးဖူး သူလည်းဖြစ်၊ လူမည်း တစ်ဦးလည်း ဖြစ်သော ကမ့်ဘဲလ်က "ဟော့ဂ်ဆန်က တယ်ရီ၊ ဖာဒီနန်တို့နဲ့ ဘာစကားတွေ ပြောဖြစ်တယ် ဆိုတာ ကျွန်တော် မသိနိုင်ဘူးလေ။ ဒါပေမဲ့ လူမျိုးရေး ခွဲခြားမှု ကိစ္စဟာ ဒီဖြစ်ရပ် တစ်ခုလုံးမှာ အနည်းနဲ့ အများတော့ သေချာပေါက် ပါဝင်နေမှာပါ" ဟု CNNသို့ ပြောကြားခဲ့သည်။ "ဒီကိစ္စကို ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကြောင့်ပါလို့ ပြောလို့ မရနိုင်ပါဘူး။ ဖာဒီနန်ဟာ အတွေ့အကြုံရင့် ကစားသမား တစ်ယောက် ဖြစ်သလို သူ့ကလပ် အသင်းအတွက် အကောင်းဆုံး လုပ်ဆောင် ပြခဲ့သူပါ။ အထူးသဖြင့် နောက်ဆုံး(၃)လ အတွင်းမှာပေါ့။ ဖာဒီနန် အရွေး မခံရဘူး ဆိုတာကို သိရတော့ ကျွန်တော် အရမ်း အံ့ဩမိတယ်။ ယုံတောင် မယုံနိုင်ဘူး။ သူမန်ယူအတွက် နောက်ဆုံး ကစားပေးတဲ့ (၁၀)ပွဲ၊ (၁၂)ပွဲလောက်က အရမ်းကောင်းတယ်။ ကြံ့ခိုင်မှုလည်း အမြင့်ဆုံးမှာ ရှိနေတာပါ။ အင်္ဂလန်ဟာ ပြိုင်ပွဲကြီးတွေမှာ ဒီလို အတွေ့အကြုံရင့် ကစားသမားမျိုးကို အရမ်း လိုအပ်ပါတယ်" ဟု ကမ့်ဘဲလ်က ပြောဆိုသွားသည်။
ဖာဒီနန်သည် ဥရောပ ဖလားတွင် ပါဝင်ခြင်း မရှိသည့်နောက် ၎င်း၏ လက်ရွေးစင် ကစားသမား ဘ၀သည် ဆုံးခန်း တိုင်သွားပြီဟု သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် (၂၀၁၁)ခုနှစ်၊ အလယ်လောက်ကတည်းက အင်္ဂလန် အသင်းနှင့် ဝေးကွာ နေခဲ့သူလည်း ဖြစ်သည်။
Ref: Goal
ဟော့ဂ်ဆန်က တယ်ရီ၊ ဖာဒီနန်တို့နဲ့ ဘာစကားတွေ ပြောဖြစ်တယ် ဆိုတာ ကျွန်တော် မသိနိုင်ဘူးလေ။ ဒါပေမဲ့ လူမျိုးရေး ခွဲခြားမှု ကိစ္စဟာ ဒီဖြစ်ရပ် တစ်ခုလုံးမှာ အနည်းနဲ့ အများတော့ သေချာပေါက် ပါဝင်နေမှာပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com