အသင်း မန်နေဂျာ ရောဘတ်တို မန်စီနီသည် အင်တာမီလန်တွင် လက်တွဲ ခဲ့ဖူးသည့် တပည့်ဟောင်းကို အစ်တီဟတ်သို့ ခေါ်ယူရန် ဆန္ဒ ရှိနေသည်။ ဆွီဒင်လက်ရွေးစင် ဇလာတန်အား မန်စီနီက အင်တာနည်းပြအဖြစ် တာဝန် ယူစဉ်က ဂျူဗင်းတပ်စ် အသင်းထံမှ ပေါင်စတာလင် (၂၂)သန်း ဈေးပေး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်း၏ မန်နေဂျာ သက်တမ်းတွင် ဒုတိယ အကြိမ်မြောက် အဖြစ် ဇလာတန်နှင့် ပေါင်းစည်းရန် မန်စီနီက မျှော်လင့်နေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ပါက အသင်း၏ စံချိန်တင် လုပ်ခလစာ တစ်ရပ်ကို ဇလာတန် အတွက် ပေးချေသွားရန် အသင့် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
လက်ရှိ မန်စီးတီး၏ လုပ်ခလစာ အမြင့်ဆုံး ကစားသမားမှာ တစ်ပတ် ပေါင်စတာလင် (၂၅၀၀၀၀)ကွင်းလယ်လူ ယာယာတိုရေး ဖြစ်သော်လည်း အကယ်၍ ဇလာတန်သာ အသင်းတွင် လာကစားပါက တစ်ပတ် ပေါင်စတာလင် (၃၀၀၀၀၀)ထိ ပေးချေသွားရန် မန်စီနီက ရည်ရွယ်ထားကြောင်း The Sunက ဆိုသည်။ အသက်(၃၀)အရွယ် ဇလာတန်က ၎င်းသည် မီလန်မှ ထွက်ခွာမည် မဟုတ်ဟု ပြောဆိုထားဖူးသော်လည်း မန်စီနီက နွေရာသီတွင် ရောင်းထုတ်သွားမည့် အီဒင်ဂျက်ကို နေရာတွင် အစားထိုးရန် အတွက် ဇလာတန်အား ကမ်းလှမ်းသွားရန် ဆန္ဒ ရှိနေခြင်း ဖြစ်သည်။
Ref: The Sun အကယ်၍ ဇလာတန်သာ အသင်းတွင် လာကစားပါက တစ်ပတ် ပေါင်စတာလင် (၃၀၀၀၀၀)ထိ ပေးချေသွားရန် မန်စီနီက ရည်ရွယ်ထားကြောင်း The Sunက ဆို...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com