လီဗာပူးလ် အသင်း ပိုင်ရှင်များသည် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်အား အသင်း၏ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးရန် အတွက် အမေရိကန်သို့ လာရောက်ရန် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။
စကော့သား မန်နေဂျာကြီးသည် ယခု ရာသီတွင် မန်ချက်စတာ စီးတီးနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့နောက် (၃၇)မှတ် ပြတ်ကျန်ခဲ့သည့် အခြေအနေ အတွက် ဘော်စတွန်တွင် အသင်း ပိုင်ရှင်များထံ သွားရောက် ဖြေရှင်းရမည် ဖြစ်သည်။ ဒဲလ်ဂလစ်ရှ်သည် ဆွမ်ဆီးအား အရေး နိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ် အပြီးတွင် အမေရိကန်သို့ ထွက်ခွာ သွားခဲ့သည်။ အသင်းပိုင်ရှင် အမေရိကန်များသည် လီဗာပူးလ်အတွက် ပြုလုပ်ထားသော ရင်းနှီး မြှုပ်နှံမှုများနှင့် လက်ရှိ ဖြစ်ပေါ်နေသော ရလဒ် အခြေအနေများ အတွက် မကျေနပ်နိုင်ဘဲ ဖြစ်နေသည်။
လီဗာပူးလ်သည် ယခုရာသီ အမှတ်ပေးဇယား အဋ္ဌမ နေရာဖြင့် ရာသီ သိမ်းခဲ့ရာ ကစားသမားများ အတွက် ပြောင်းရွှေ့ကြေးချည်း သက်သက် ပေါင်စတာလင် (၁၁၃)သန်း စိုက်ထုတ် မြှုပ်နှံထားသော အသင်းပိုင်ရှင်များ အနေဖြင့် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ လီဗာပူးလ်၏ ဘောလုံး ဒါရိုက်တာ ဒါမိန်းကိုမိုလီသည် ကစားသမား များကို ဈေးကြီးပေး ခေါ်ယူခဲ့သော်လည်း ခြေစွမ်း မပြနိုင်သည့် ကိစ္စနှင့် ဆက်စပ်ပြီး ရာသီမကုန်မီ အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
လီဗာပူးလ်ကို ပိုင်ဆိုင်ထားသည့် FSG သည် အသင်း၏ သိပ္ပံနှင့် အားကစား ဆေးပညာဌာန အကြီးအကဲ ပီတာ ဘရက်နာ၊ လူထု ဆက်ဆံရေး ဒါရိုက်တာ အီယန်ကော်တွန် တို့ကိုလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။ လီဗာပူးလ်သည် ယခုရာသီတွင် ကားလင်း ဖလားကိုမူ ရရှိခဲ့ပြီး (၆)ရာသီကြာ ဖလားလက်မဲ့ ဖြစ်မှုကို အဆုံး သတ်နိုင်ခဲ့သည်။
Ref: Daily Mail
ဒဲလ်ဂလစ်ရှ်သည် ဆွမ်ဆီးအား အရေး နိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်အပြီးတွင် အမေရိကန်သို့ ထွက်ခွာ သွားခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com