22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

Lotto တံဆိပ် မြန်မာ့ လက်ရွေးစင် ဂျာစီများ ထွက်ပေါ် လာတော့မည်

လက်ရွေးစင် အဆင့် ဘောလုံးအသင်းများတွင် ကြုံရာကျပန်း ဂျာစီများကိုသာ ၀တ်ဆင် စေခဲ့ရာမှ ယခုအခါ အီတလီ အခြေစိုက် အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Lotto အမှတ်တံဆိပ် ဂျာစီဝတ်စုံများ ၀တ်ဆင် ယှဉ်ပြိုင် နိုင်တော့မည် ဖြစ်သည်။

Lotto သည် ကမ္ဘာတစ်လွှားမှ နိုင်ငံ လက်ရွေးစင် အသင်း အချို့နှင့် ကလပ်ပေါင်း များစွာတို့က ၀တ်ဆင်လျက် ရှိနေသည့် အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ မူလက နာမည်ကြီး အမှတ် တံဆိပ်များ ဖြစ်သည့် Nike, Umbro တို့အား ၀တ်ဆင်ဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း အဆုံးသတ်တွင် Lotto နှင့် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။


နာမည်ကြီး အမှတ်တံဆိပ်များ အစား Lotto အား ရွေးချယ်ခဲ့ခြင်းမှာ ဂျာစီ တစ်ထည်ချင်းစီ၏ တန်ဖိုး ကွာဟမှုက အဓိကကျခဲ့ပြီး Lotto အမှတ်တံဆိပ် ဂျာစီ တစ်ထည်၏ တန်ဖိုးသည် Nike အမှတ်တံဆိပ် ဂျာစီ တစ်ထည်၏ တန်ဖိုးထက် ထက်ဝက်ခန့် သက်သာကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ထိုကဲ့သို့ အမှတ်တံဆိပ် ရွေးချယ်ရာတွင် တာဝန်ရှိသူများ၏ အကြံဥာဏ်များ ရယူခဲ့သည့် အပြင် မြန်မာဘောလုံး ပရိသတ် အချို့နှင့် တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆုံးသတ်တွင် နာမည်ကြီး Nike အမှတ်တံဆိပ် အစား ပရိသတ်များနှင့် ပိုမို သင့်တော်မည့် Lotto အား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ Lotto ဂျာစီများအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် AFC U-22 ခြေစစ်ပွဲ ပြိုင်ပွဲတွင် စတင် ၀တ်ဆင်စေမည် ဖြစ်ကာ ပရိသတ်များ အနေဖြင့်လည်း မများလှသည့် ပမာဏ တစ်ရပ်ဖြင့် နိုင်ငံအသင်း ဂျာစီများ ၀ယ်ယူခွင့် ရရှိတော့မည် ဖြစ်သည်။

အဆုံးသတ်တွင် နာမည်ကြီး Nike အမှတ်တံဆိပ် အစား ပရိသတ်များနှင့် ပိုမို သင့်တော်မည့် Lotto အား ရွေးချယ်ခဲ့ခြင်းဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )