အာဆင်နယ် အသင်း၏ လာမည့်ရာသီ ၀တ်ဆင်မည့် ၀တ်စုံ အသစ်ကို ကစားသမားသစ် လူးကက်စ် ပိုဒေါ့စကီးက ၀တ်ဆင်ကာ ဓာတ်ပုံ အရိုက် ခံခဲ့သည်။
ပိုဒေါ့စကီးသည် အာဆင်နယ် အသင်းသို့ နွေရာသီတွင် ပထမဆုံး ရောက်ရှိမည့် ကစားသမား ဖြစ်ပြီး ၎င်းက တိုက်စစ်တွင် မန်နေဂျာ အာစင်ဝင်းဂါး ကစား စေလိုသော မည်သည့် နေရာတွင်မဆို ကစား ပေးမည်ဟုလည်း ကတိပြုခဲ့သည်။ အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ်၏ ချန်ပီယံလောင်း စာရင်းတွင် နောက်တစ်ကြိမ် ပြန်လည် ပါဝင်စေရေး အတွက် ပါဝင် ကြိုးပမ်းလိုသော ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးက အာဆင်နယ်၏ လက်ရှိ (၃)ယောက်တွဲ တိုက်စစ်တွင် မည်သည့် နေရာမှ မဆို ကစားနိုင်ကြောင်း ပြောကြားသွားသည်။
၎င်းက "ကျွန်တော်ဟာ ကိုလုံး အသင်းနဲ့ အတူ ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့ပါပြီ။ ကျွန်တော် ခြေစွမ်းပြ ကစား နိုင်ခဲ့သလို ခုချိန်မှာ ဥရောပ ဖလားအတွက် လက်ရွေးစင် အသင်းနဲ့ အတူ လိုက်ပါသွားဖို့ မျှော်လင့် နေပါတယ်။ ပြီးရင် ကျွန်တော် အာဆင်နယ်မှာ အသင်းဖော်သစ်တွေနဲ့ သွားပြီး ပူးပေါင်းပါမယ်။ ကျွန်တော့် ရည်ရွယ်ချက်က အာဆင်နယ်မှာ အောင်မြင်မှုတွေ ရယူဖို့ပါပဲ" ဟု ဆိုသည်။ ပိုဒေါ့စကီးက "ကျွန်တော်က ကိုလုံးမှာ တိုက်စစ်မှူး နေရာက ကစားသလို Playmaker အဖြစ်လည်း ကစားပါတယ်။ နိုင်ငံလက်ရွေးစင် အသင်းမှာ ဘယ်ခြမ်း တိုက်စစ်က ကစားတယ်။ ရိုးရိုးသားသား ပြောရရင် ဘယ်နေရာမှာ ကစားရတယ် ဆိုတာကို ကျွန်တော် သိပ် အလေး မထားပါဘူး။ ကျွန်တော်ဟာ တိုက်စစ်မှူး တစ်ယောက် ဆိုပေမယ့် မန်နေဂျာရဲ့ ဆုံးဖြတ်ချက်က အဓိကပါ။ ကျွန်တော်ကတော့ ကိုယ်ကစားခွင့် ရတဲ့ နေရာမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါပဲ" ဟု ပြောကြားသွားသည်။
Ref: Daily Mail
ရိုးရိုးသားသား ပြောရရင် ဘယ်နေရာမှာ ကစားရတယ် ဆိုတာကို ကျွန်တော် သိပ် အလေးမထားပါဘူး။ ကျွန်တော်ဟာ တိုက်စစ်မှူးတစ်ယောက် ဆိုပေမယ့် မန်နေဂျာရဲ့ ဆုံးဖြတ်ချက်က အဓိကပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com