22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

မန်စီးတီး ကဲ့သို့ အဆင်ခြင်မဲ့ ငွေသုံးနေမည် မဟုတ်ဟု ဖာဂူဆန်ဆို

မိမိတို့ အသင်းသည် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကဲ့သို့ ငွေကြေးကို အဆင်အခြင်မဲ့ သုံးစွဲနေမည် မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

ငွေကြေးကို ဖောဖောသီသီ သုံးစွဲကာ အသင်း အင်အားကို တည်ဆောက်ပြီး ယခုရာသီ ပရီးမီးယားလိဂ် ဆုဖလားအား မန်စီးတီးက ဆွတ်ခူး ရယူ နိုင်ခဲ့သော်လည်း မန်ယူ အနေဖြင့်မူ မန်စီးတီး၏ လမ်းစဉ်ကို မလိုက်ဘဲ အမှန်တကယ် လိုအပ်သော ကစားသမားများကိုသာ ရွေးချယ်စီစစ် ၀ယ်ယူမည်ဟု ဖာဂူဆန်က ဆိုသည်။ မန်ယူသည် (၂)နှစ်ဆက် ချန်ပီယံဖြစ်မည့် အခွင့်အရေးကို မန်စီးတီးက QPR အား အနိုင်ရသော မိနစ်ပိုင်းလေးတွင် ဆုံးရှုံး သွားခဲ့သည်။ ရောဘတ်တို မန်စီနီ ဦးဆောင်သော မန်စီးတီး အသင်းသည် အဘူဒါဘီ ကုဋေကြွယ် သူဌေး ရှိတ်မန်ဆာ၏ သိမ်းသွင်း ၀ယ်ယူမှုနှင့်အတူ ပရီးမီးယား လိဂ်၏ အင်အားကြီး အသင်းတစ်ခု ဖြစ်လာသည်။
အလွန်အကျွံ ငွေသုံးမှာ မဟုတ်သည့် ဖာဂူဆန်

ဖာဂူဆန်က "မန်ယူဟာ လူငယ် ကစားသမားလေးတွေ အတွက်ပဲ အဓိက ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ အရာပါပဲ။ အကောင်းဆုံး ကစားသမားတွေကို ချက်ချင်း ၀ယ်ယူနိုင်တဲ့ အသင်းတွေနဲ့ ကျွန်တော်တို့ကြား အနေအထားက မတူပါဘူး။ မန်စီးတီးဟာ နောက်ထပ် ငွေသုံး နေဦးမှာပါပဲ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ရူးရူးမိုက်မိုက် ပြောင်းရွှေ့ကြေးတွေ၊ လွန်လွန်ကျွံကျွံ လုပ်လစာတွေပေါ့။ ကျွန်တော်တို့ အသင်းဟာ အဲဒါတွေကို ဘာမှ လိုက်မလုပ်ပါဘူး။ မန်ယူဟာ ကိုယ်ရွေးချယ်တဲ့ လမ်းကိုပဲ ကိုယ်တိုင် အာရုံ စိုက်ပါမယ်။ မှန်ကန်တဲ့ အကြောင်းပြချက်နဲ့ပဲ ကစားသမားကောင်းတွေကို ကျွန်တော်တို့ ရွေးချယ် ၀ယ်ယူမှာပါ" ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "မန်ယူဟာ ငွေမသုံးနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငွေသုံးရင်လည်း အသင်းမှာ အကြာကြီး ကစားမယ့် သူမျိုးအတွက်ပဲ ဖြစ်ပါမယ်။ ကျွန်တော်တို့ဟာ ကလပ် အသင်းရဲ့ ဗီဇစရိုက်ကို ပေါ်လွင်အောင် တည်ဆောက်ပါတယ်။ ကျွန်တော်တို့ဟာ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖန်တီးပါတယ်။ ကျွန်တော်တို့အသင်း ရွေးချယ် ဖြတ်သန်းတဲ့ လမ်းကြောင်း အတွက်လည်း ဂုဏ်ယူပါတယ်" ဟု ပြောဆို သွားခဲ့သည်။
Ref: Goalမန်စီးတီးဟာ နောက်ထပ် ငွေသုံး နေဦးမှာပါပဲ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ရူးရူးမိုက်မိုက် ပြောင်းရွှေ့ကြေးတွေ၊ လွန်လွန်ကျွံကျွံ လုပ်လစာတွေပေါ့။ ကျွန်တော်တို့ အသင်းဟာ အဲဒါတွေကို ဘာမှ လိုက်မလုပ်ပါဘူး..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )