မိမိ အနေဖြင့် နယူးကာဆယ်လ် ယူနိုက်တက် အပေါ် သစ္စာ ရှိမှုကို ပြသသွားရန် ဆုံးဖြတ်ထားကြောင်း ပက်ပစ်ဆစ်ဆေးက ထုတ်ဖော် ပြောကြားလိုက်သည်။
ဆောင်းရာသီ ဈေးကွက် အတွင်းက နယူးကာဆယ်လ်သို့ ပေါင်စတာလင် (၉)သန်းဖြင့် ပြောင်းရွှေ့လာသော ဆီနီဂေါ လက်ရွေးစင်သည် ပရီးမီးယားလိဂ် (၁၄)ပွဲတွင် (၁၃)ဂိုး သွင်းယူပြခဲ့သည်။ နယူးကာဆယ်လ်သည် ပဉ္စမ နေရာဖြင့် ရာသီ သိမ်းသွားပြီးနောက် ဆစ်ဆေး၏ ချန်ပီယံလိဂ် ကစားခွင့် မျှော်လင့်ချက် ဆုံးရှုံးသွားပြီး ကစားသမားသည် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုကြောင်း သတင်းများက ဖော်ပြလာသည်။ သို့သော်လည်း အသက်(၂၆)နှစ်ရှိ ကစားသမားက မိမိသည် နယူးကာဆယ်လ် အတွက် ဆက်ကစားကာ ဂိုးများ သွင်းယူ ပေးနေရန်သာ စိတ်ကူးထားကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
"လာမည့် ရာသီမှာလည်း နယူးကာဆယ်လ် အတွက် ဂိုးတွေ ဆက်ပြီး သွင်းယူပေးနေ နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ကစားမှာပါ။ ဥရောပမှာ ကစားခွင့် ရနေတာဟာ ကောင်းမွန်တဲ့ အရာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကြည့်ခွင့် မရတော့တာကြောင့် အသင်း ပရိသတ်တွေ အတွက် စိတ်မကောင်း ဖြစ်မိတယ်"ဟု ဆစ်ဆေးက ပြောဆိုခဲ့သည်။ ၎င်းက "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဒီရာသီမှာ ဖြတ်ကျော် အောင်မြင်ခဲ့ပါတယ်။ ရာသီသိမ်း ကာလမှ အဲဗာတန်ကို အနိုင်ယူပြီး မြင့်နိုင်သမျှ အဆင့်မြင့်မြင့် ရပ်တည် ချင်ခဲ့ပေမယ့် ဖြစ်မလာတာကတော့ ၀မ်းနည်းစရာပါပဲ" ဟုလည်း ဖွင့်ဟသွားသည်။
Ref: Daily Star
လာမည့်ရာသီမှာလည်း နယူးကာဆယ်လ်အတွက် ဂိုးတွေ ဆက်ပြီး သွင်းယူပေးနေ နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ကစားမှာပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com