မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပေါလ်စခိုးလ်ကို (၁)နှစ် သက်တမ်းတိုး စာချုပ်ရန် သဘော တူညီမှု ရရှိခဲ့ပြီဖြစ်သည်။
ဘောလုံးသမား ဘ၀မှ အနား ယူသွားခဲ့သော်လည်း အသင်း လိုအပ်ချက်ကြောင့် ဇန်န၀ါရီလတွင် တစ်ကျော့ပြန် ကစား ပေးခဲ့ပြီးနောက် မန်ယူကို အကောင်းဆုံး ထိန်းကျောင်း မောင်းနှင် ပေးခဲ့သော ကွင်းလယ် ကစားသမားသည် အိုးလ်ထရက်ဖို့ဒ်တွင် အနီရောင် ဂျာစီကို နောက်တစ်ရာသီ ဆက်လက် ၀တ်ဆင် နေမည်ဟု အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြု ပြောဆိုလိုက်သည်။ စခိုးလ်သည် ၎င်း၏ ငယ်မွေးခြံပေါက် ကလပ် အသင်းတွင် (၁)နှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
အသက်(၃၇)နှစ် ရှိပြီဖြစ်သော စခိုးလ်သည် ယခုရာသီ မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး တိုက်ပွဲတွင် ကျဆုံး ခဲ့ပြီးနောက် အသင်းအား အောင်မြင်မှုများ ပြန်လည် ရယူပေးရန် ဦးဆောင်မည် ဖြစ်သည်။ ဖာဂူဆန်က "အားလုံး အပြီး သတ်နိုင်ခဲ့ပါပြီ။ သူ အသင်းမှာ ဆက်နေပါမယ်" ဟု MUTVသို့ ပြောဆိုခဲ့သည်။ စကော့သား မန်နေဂျာကြီးက "ကျွန်တော် ပျော်ပါတယ်။ သူက အသင်းက အနားယူဖို့ ဆုံးဖြတ်တာဟာ အမှားတစ်ခု ဖြစ်ခဲ့တယ်။ ဒါကို ခုတော့ စခိုးလ် သိသွားပါပြီ။ သူဟာ နောက်ရာသီမှာ (၂၅)ပွဲ၊ ပွဲ(၃၀)လောက် ကစား ပေးဖြစ်ရင် စစ်မှန်တဲ့ အရည်အသွေးကို အပြည့်အ၀ ပြသနိုင်မှာပါ" ဟု ပြောကြား သွားခဲ့သည်။
မန်ယူသည် စခိုးလ်ကို သက်တမ်းတိုး စာချုပ် နိုင်ခဲ့သော်လည်း လူငယ် ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဂ်ဘာကိုမူ အလွတ် ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် လိုက်ရသည်။ ပေါ့ဂ်ဘာသည် မန်ယူ၏ စာချုပ်သက်တမ်း တိုးရေး နောက်ဆုံး အားထုတ် ဆွဲဆောင်မှုကို ငြင်းဆန်ကာ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ် အသင်းနှင့် စာချုပ်ရန် ဆုံးဖြတ် သွားခဲ့သည်။
Ref: Daily Mail
သူက အသင်းက အနားယူဖို့ ဆုံးဖြတ်တာဟာ အမှားတစ်ခု ဖြစ်ခဲ့တယ်။ ဒါကို ခုတော့ စခိုးလ် သိသွားပါပြီ။ သူဟာ နောက်ရာသီမှာ (၂၅)ပွဲ၊ ပွဲ(၃၀)လောက် ကစား ပေးဖြစ်ရင် စစ်မှန်တဲ့ အရည်အသွေးကို အပြည့်အ၀ ပြသနိုင်မှာပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com