22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 15, 2012

မန်စီးတီး အသင်းထံ သွားရောက် ဆွေးနွေးမှု ပြုလုပ်ဖူးကြောင်း ဗန်ပါစီ၏ အေးဂျင့် ၀န်ခံ

မန်ချက်စတာ စီးတီး အသင်းနှင့် မိမိတို့ကြား ဆက်သွယ် ဆွေးနွေးမှု ရှိခဲ့ကြောင်း ရော်ဘင် ဗန်ပါစီ၏ အေးဂျင့် ဖြစ်သူက ၀န်ခံ ပြောကြားခဲ့သည်။

အာဆင်နယ် အသင်းခေါင်းဆောင် ဗန်ပါစီ အတွက် ကိုယ်စားလှယ် အဖြစ် လုပ်ကိုင် ဆောင်ရွက် ပေးနေသူ ကီးစ်ဗော့စ်က မိမိသည် မန်စီးတီး အသင်း ဒါရိုက်တာ ဘရိုင်ယန် မားဝုဒ်၏ ဖိတ်ကြားမှုကြောင့် အစ်တီဟတ်သို့ ဧည့်သည်အဖြစ် သွားရောက်ခဲ့ဖူးကြောင်း ဆိုသည်။ လွန်ခဲ့သော (၃)လက မိမိသည် မန်စီးတီး၏ အိမ်ကွင်းတွင် ရှိနေခဲ့သော်လည်း ထိုကိစ္စသည် ဗန်ပါစီ မန်စီးတီးသို့ ပြောင်းရွှေ့နိုင်မှု အလားအလာနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ရန် သွားရောက်သည်ဟု တိတိကျကျ မပြောဆိုလိုကြောင်း ဗော့စ်က ပြောကြားသွားသည်။
ရွှေဖိနပ်ဆုရှင် ဗန်ပါစီ

၎င်းက "ကျွန်တော်ဟာ ဗန်ပါစီ တစ်ယောက်တည်းရဲ့ အေးဂျင့် မဟုတ်ပါဘူး။ သောမတ်စ် ဗာမေလန်၊ ကိုင်ဆူကီ ဟွန်ဒါ၊ ဂျရမိန်းလန်းစ်နဲ့ စတီဖန်ဒီဗာ့ဂ်ျတို့ကိုလည်း ကိုယ်စားပြုပါတယ်"ဟု ဆိုသည်။ ဗော့စ်သည် ဗန်ပါစီ အာဆင်နယ်နှင့် စာချုပ်သက်တမ်းတိုးရေး ကိစ္စအတွက် အသင်းမန်နေဂျာ အာစင်ဝင်းဂါး၊ အသင်းအမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ်တို့နှင့် ဆွေးနွေးမည်ဖြစ်သည်။ "ကျွန်တော် မန်စီးတီးရဲ့ မားဝုဒ် လေ့ကျင့်ရေးကွင်းကိုလည်း ရောက်ခဲ့တယ်။ ဒါအမှန်ပဲ။ အဲဒီကိစ္စဟာ လွန်ခဲ့တဲ့ (၃)လကပါ။ ကျွန်တော် လူတွေ အများကြီးနဲ့ တွေ့ခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်များ အသေးစိတ် အကြောင်းအရာတွေကို ပြောပြနေရမှာလဲ။ ကျွန်တော်က နိုင်ငံလက်ရွေးစင် ကစားသမား (၃၅၀) အပါအ၀င် လာချိတ်ထားတဲ့ ကစားသမား (၄၅၀)လောက် ရှိနေတဲ့ ကုမ္ပဏီ တစ်ခုအတွက် အလုပ်လုပ်နေတာပါ"ဟုလည်း ဗော့စ်က ဆိုသည်။

မန်စီးတီး အသင်းသည် ရာသီကုန်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့မည့် ဗန်ပါစီအား ခေါ်ယူရန် အဓိက ပစ်မှတ်ထား ချိန်ရွယ်နေသည်။ အသက်(၂၈)နှစ်ရှိ ဗန်ပါစီသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးပေါင်း (၃၀) သွင်းယူပြီး ရွှေဖိနပ်ဆုကို ပိုင်ဆိုင် နိုင်ခဲ့သည်။
Ref: Goal
ကျွန်တော်ဟာ ဗန်ပါစီ တစ်ယောက်တည်းရဲ့ အေးဂျင့် မဟုတ်ပါဘူး။ သောမတ်စ် ဗာမေလန်၊ ကိုင်ဆူကီ ဟွန်ဒါ၊ ဂျရမိန်းလန်းစ်နဲ့ စတီဖန်ဒီဗာ့ဂ်ျတို့ကိုလည်း ကိုယ်စားပြုပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )