လိုင်လီတွင် တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုး ပေးနေသူ ဖြစ်သော ဟာဇက်သည် ယမန် နှစ်ကလည်း အဆိုပါဆုကို ရရှိခဲ့သေးသည်။ နွေရာသီတွင် ပြင်သစ် ကလပ်ကို သေချာပေါက် စွန့်ခွာမည်ဟု သတင်း ကြီးနေသော အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ပဲရစ်စိန့်ဂျာမိန်းမှ တောင်ပံလူ နီနီ၊ မွန့်ပယ်လီယေး ကစားသမား နှစ်ဦးဖြစ်သော အိုလီဗာ ဂီရော့ဒ်၊ ယိုနက်စ် ဘယ်လ်ဟန်ဒါတို့နှင့် အဓိက ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့သော တစ်ဦးချင်း ထူးချွန်ဆုကို ပိုင်ဆိုင်လာခြင်း ဖြစ်သည်။
ဟာဇက်သည် ယခုရာသီတွင် လိုင်လီအတွက် (၁၇)ဂိုး သွင်းယူကာ (၁၅)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပြခဲ့သည်။ ဘယ်လ်ဟန်ဒါမှာမူ ပြင်သစ် လီဂူး၏ အလားအလာ အကောင်းဆုံး တက်သစ်စ လူငယ်ဆုကိုမူ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့အပြင် ဧပြီလက ၎င်း အိုလံပစ် မာဆေးလ်ဘက် Acrobat ကန်ချက်ဖြင့် သွင်းယူသော ဂိုးသည် အကောင်းဆုံး သွင်းဂိုး ဆုကို ပိုင်ဆိုင်လာစေသည်။ ထို့အပြင် မွန့်ပယ်လီယေး အသင်းကို ချန်ပီယံဆုနှင့် လက်တစ်ကမ်း အလို တစ်မှတ် အကွာထိ ရောက်အောင် ဦးဆောင်ပြခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် ရပ်တည်မှု အမြင့်မားဆုံး နေရာသို့ ပို့ဆောင်ခဲ့သည့် ရီနီဂီရာ့ဒ်မှာ အကောင်းဆုံး နည်းပြဆုကို ရရှိသွားကြောင်း သိရှိရသည်။
Ref: Goal အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ပဲရစ်စိန့်ဂျာမိန်းမှ တောင်ပံလူ နီနီ၊ မွန့်ပယ်လီယေး ကစားသမား နှစ်ဦးဖြစ်သော အိုလီဗာ ဂီရော့ဒ်၊ ယိုနက်စ် ဘယ်လ်ဟန်ဒါတို့နှင့် အဓိက ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့သော တစ်ဦးချင်း ထူးချွန်ဆုကို ပိုင်ဆိုင်လာ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com