ချယ်လ်ဆီးက ရာဒါမယ်လ် ဖယ်လ်ကာအိုအား ဖာနန်ဒို တောရက်စ် အလိုက်ပေးပြီး ခေါ်ယူ လိုနေသော်လည်း အက်သလက်တီကို မက်ဒရစ်က ငွေသား သီးသန့်ကိုသာ မျှော်လင့်နေကြောင်း သိရှိရသည်။
ချယ်လ်ဆီးသည် နွေရာသီတွင် ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုအား ခေါ်ယူရန် မျှော်လင့်နေပြီး အက်သလက်တီကို တိုက်စစ်မှူးဟောင်း တောရက်စ် အပြင် ပေါင်စတာလင် (၁၅)သန်း အလိုက်ပေး ကမ်းလှမ်းနိုင်ရန် စဉ်းစားလျှက် ရှိနေသည်။ ချယ်လ်ဆီးသည် လီဗာပူးလ်မှ စပိန် လက်ရွေးစင် တောရက်စ်ကို ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)ဖြင့် ခေါ်ယူခဲ့သော်လည်း တောရက်စ်ထံမှ မျှော်လင့်ထားသလောက် စွမ်းဆောင်မှုကို မရရှိခဲ့ခြင်းကြောင့် ဖယ်လ်ကာအိုကို ချိန်ရွယ်လာခြင်း ဖြစ်သည်။
ဖယ်လ်ကာအိုသည် ပေါ်တို၊ အက်သလက်တီကို နှစ်သင်းတို့နှင့် အတူ ဥရောပ ယူရိုပါလိဂ် ဆုဖလားကို (၂)နှစ်ဆက် ရရှိထားသည်။ ထို့အပြင် ၎င်းသည် အဆိုပါ (၂)နှစ်အတွင်း ယူရိုပါလိဂ် (၂၉)ပွဲ ကစားကာ (၂၉)ဂိုး သွင်းယူပြီး ပြိုင်ပွဲ၏ သွင်းဂိုး အများဆုံး စံချိန်ရှင် ဖြစ်လာသည်။ ယခုရာသီ အက်သလက်တီကို အတွက် (၃၄)ပွဲ ကစားကာ (၂၄)ဂိုး သွင်းယူပေးထားသော ကစားသမားကို ချယ်လ်ဆီးက တောရက်စ်ဖြင့် အလိုက်ပေး ကမ်းလှမ်းလိုသော်လည်း အက်သလက်တီကိုကမူ ၎င်းတို့ သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေါင်စတာလင် သန်း(၅၀)ကိုသာ အလို ရှိနေသည်။
ဖယ်လ်ကာအိုသည် ဆာဂျီယို အဂူရို မန်ချက်စတာ စီးတီးသို့ ပြောင်းရွှေ့ သွားပြီးနောက် အက်သလက်တီကို ထိုးစစ်တွင် အဓိက အကျဆုံး ကစားသမား ဖြစ်လာခဲ့သလို ယူရိုပါလိဂ် ဗိုလ်လု ပွဲတွင်လည်း တစ်ကိုယ်တော် အစွမ်းဖြင့် (၂)ဂိုး သွင်းယူပြခဲ့သည်။
Ref: Daily Mail
ချယ်လ်ဆီးသည် နွေရာသီတွင် ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုအား ခေါ်ယူရန် မျှော်လင့်နေပြီး အက်သလက်တီကို တိုက်စစ်မှူးဟောင်း တောရက်စ်အပြင် ပေါင်စတာလင် (၁၅)သန်း အလိုက်ပေး ကမ်းလှမ်းနိုင်ရန် စဉ်းစားလျှက် ရှိနေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com