22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

ရောသမ ဗွီစီဒီ

ရန်ကုန်တွင် ပျံ့နှံနေသော ဗွီစီဒီ မျက်နှာဖုံး

ဧရာဝတီ ဘလော့ဂ်ရဲ့ ဒီတပတ် အတွက် ရွေးချယ်မှုကို CJMyanmar ရဲ့ ဖေ့စ်ဘုတ် (http://www.facebook.com/CJMyanmar) က တင်ပြချက်နဲ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။

(၅၊ ၅၊ ၂၀၁၂)နေ့က ရန်ကုန်မြို့ တစ်နေရာတွင် ကျွနိုပ်စီး လာသော Taxi ကားသည် မီးနီ မိနေ၏။ ထိုစဉ်အခိုက် စီဒီဈေးသည်တစ်ဦးက ကျွန်ုပ် အနားကပ်လာကာ သူရောင်းနေသော စီဒီခွေများကို ၀ယ်ယူအားပေးပါရန်ပြော၏။

သူ့လက်ထဲက စီဒီချပ်ကာဗာတွေကို ကြည့်လိုက်တော့ "၂၀၁၂ သင်္ကြန် အဖော်၊ အချွတ်၊ နန့်ကျောထ အကနှင့် မြင်ကွင်းစုံ၊ ခေါ်ယူသတိပေးရတဲ့အထိ အကွဲအပြဲများနှင့် သဉ္ဇာဝင့်ကျော်၊ သာဓုပါဗျာ-ပါပါလေးနှုတ်ခမ်းမွှေးနှင့် သံချပ်များစွာပါဝင်သည်" ဟု နာမည်ပေးထားသော စီဒီချပ်များ။

တစ်ချပ်ဘယ်လောက်လဲဟုမေးတော့ တစ်ထောင်ကျပ်ဟု ဆိုလေ၏။

ကျွန်ုပ်သည် အဆိုပါ စီဒီခွေကို မြင်ကတည်းက အင်တာနက် သုံးလေ့သုံးထ ရှိသူပီပီ သဘောပေါက် လိုက်မိပါ၏။ ၂၀၁၂ သင်္ကြန်ကာလ အင်တာနက်ပေါ်က ထုတ်လွှင့်ချက်တွေကို စုစည်းထားပုံပေါ်လေပြီပေါ့။

သို့နှင့် မတန်မရာမှန်း သိသော်လည်း ခွေထဲတွင် အဘယ်သို့ တင်ဆက်ထားသည်ကို ကြည့်လို သည်သောကြောင့် ကျပ် တစ်ထောင်တန် တစ်ရွက် ထုတ်ပေးကာ ဈေးပင် မဆစ်တော့ဘဲ အဆိုပါ နန့်ကျောထ စီဒီခွေကို ၀ယ်ယူခဲ့ချေတော့၏။

အိမ်သို့အရောက် စီဒီစက်ထဲသို့ အဆိုပါအခွေအား ထိုးထည့်၍ ကြည့်ရှုမိလေရာ ခွေစ စချင်း ပေါ်လာသည့် သီချင်းကား... "ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းရင် ကောင်းတယ်မှတ်၊ ကောင်းရင် ကောင်း တယ်မှတ်" ဖြစ်၏။

ပထမဆုံး ပေါ်လာသည့် အရုပ်ကား "သေနာလီဆာ" ဟုဆိုကာ ကမ္ဘာကျော်ပန်းချီဆရာ Leonardo da Vinci ၏ မိုနာလီ ဆာ ပန်းချီကားကို သွားလေသူ ဦးသန်းရွှေ မျက်နှာနှင့် အစားထိုးထားသော Mr Creator ၏ ရုပ်ပြောင် Photoshop လက် ရာ ကလေး ဖြစ်ချေ၏။

ဘယ့်နှယ်။ နန့်ကျောထ စီဒီခွေနှင့် သေနာလီဆာ မည်သို့မည်ပုံ ဆက်စပ်ထားလေသည်မသိ။ ထားတော့။ သေနာလီဆာ ပြီးနောက်ပိုင်း ပေါ်လာသည့် အရုပ်များကား ၂၀၁၂ သင်္ကြန်ကာလအတွင်း ကျွန်ုပ်အပါအ၀င် အင်တာနက် ရှု့သူအပေါင်း မြင်ဖူးကာ အံ့သြဘနန်း၊ မအံသြဘနန်း ဖြစ်ခဲ့ရသော ဓာတ်ပုံ၊ ဗွီဒီယိုများ ဖြစ်ချေသည်တကား။

အုန်းမှုတ်ခွက် ဖက်ရှင်တွေ လည်းပါ၏။ တိုင်ပတ် အကလည်းပါ၏။ ကော့ကော်လန်ကားလည်းပါ၏။ အန်ဖတ်ထဲက မိန်းကလေးလည်းပါ၏။ အာဝါးပေးနေတဲ့ အတွဲတွေလည်းပါ၏။ မိန်းကလေးတွေ အရက်သောက်/ အရက်အတိုက်ခံနေရ သည့် မြင်ကွင်းတွေလည်း ပါ၏။
မြန်မာသင်္ကြန်သာမက ခပ်ကြမ်းကြမ်း ထိုင်းသင်္ကြန်ကျပုံလည်းပါ၏။

ခွေ စဖွင့်ဖွင့်ချင်း သဉ္ဇာဝင့်ကျော်၏ သင်္ကြန်ဖက်ရှင်ကို မြင်လိုက်ရသော ကျွန်ုပ်၏ အစ်မအရင်းခေါက်ခေါက် (သမီးပေါက်စ ၂ ယောက်အမေ)သည် ပါးစပ်ဟောင်းလောင်း၊ မျက်စိပြူးဖြစ်ကာ "တဟယ်ဟယ်" မြည်တမ်း၍ သာ နေ၏။

တိုင်ပတ်နှင့် ကော့ကော်လန်ကား အကများကို မြင်လိုက်ရသည့်အခါမှာတော့ "ငါတော့ သမီးတွေ မွေး ထားမိတာ ဒုက္ခပါပဲ" ဟု ဆို၏။ ကျွန်ုပ်ကလည်း အစ်မကို အားပေးရပါ၏။

"ဒီခေတ်တောင် ဒီလောက်ဖြစ်နေတာ ကျွန်တော့် တူမတွေခေတ်ဆို အစ်မ တွေးသာ ကြည့်တော့ဗျာ" ဟု ဆိုလေသော အခါ အစ်မသည် မျက်စိမျက်နှာပျက်၍ "မဖြစ်ဘူး၊ ငါ့သမီးလေးတွေကို ဘာသာတရား ကိုင်းရှိုင်းအောင် လုပ်ရမယ်" ဟု ပြော၏။

၃ နှစ်အရွယ်တူမနှင့် ရက်သားအရွယ် တူမကလေးတို့အတွက် ကျွန်ုပ်၏ အစ်မသည် ရင်လေးနေဟန်တူ၏။ ထို့နောက် "တော်ပါပြီ၊ မကြည့်ချင်တော့ဘူး"ဟု ဆိုကာ အစ်မသည် ထိုင်ရာမှ ထသွားလေတော့၏။

အစ်မ ထိုင်ရာမှ ထသွားအပြီး မကြာမီ ဖန်သားပြင်ပေါ် ဆက်လက် ပေါ်ထွက်လာသည်ကား သံချပ် များ ဖြစ်ချေတော့၏။ "အင်း... ဒီ တိတ်တိတ်ကူး စီဒီသမားတွေ လုပ်မှပဲ နန့်ကျောထနဲ့ သံချပ်တွေရော ကုန်တော့တာပဲ" ဟု စိတ်ထဲမှ တွေးကာသာ နေရ၏။

အနှီအခွေထဲတွင် သံချပ်မျိုးစုံပါ၏။ ကိုဝိုင်ဝိုင်ကေ ရိုက်ကူး တင်ဆက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့သော "မန္တလေးမှ လူရွှင်တော် ပါပါလေး သံချပ်ဗွီဒီယို" ပါ၏။

ရန်ကုန်က သာဓုပါဗျာ သံချပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ သံချပ်တွေလည်း ပါ၏။ အောင်မယ်။ ဂျပန်က ကိုထွန်းဝေတို့ ထုတ်လွှင့်တဲ့ မင်္ဂလာဒိုး သံချပ်တောင် ပါလိုက်သေး၏။ မန္တလေးက စာ/ကဗျာတွေ ရဲ့ တော်ရိလျော်ရိ သံချပ်တော့ အဆိုပါ စီဒီခွေထဲတွင် မပါဝင်။

အဆိုပါ နန့်ကျောထစီဒီခွေကို ကြည့်ပြီးသကာလ ကျွန်ုပ်၏ ဦးနှောက်ထဲက အတွေးဆဲလ်များသည် အလုပ်ထ လုပ်ပြန် ချေတော့၏။

"အင်း ဒီလို နန့်ကျောထတာတွေကို ဒီလို အင်တာနက်ပေါ်တင်၊ စီဒီပေါ်ကူးပြီး ရောင်းချနေကြပြီဆိုတော့ နန့်ကျောထဖို့ စပ်ကူးမ တ်ကူးဖြစ်နေတဲ့ သကောင့် သမီးတွေတော့ နည်းနည်း တွန့်သွားလောက်ပြီထင်ပါရဲ့။

နန့်ကျောထရတာကို သဘောကျတဲ့ သကောင့် သမီးတွေကတော့ နောက်နှစ်၊ နောက်နှစ်များမှာ အင်တာနက်ပေါ်၊ စီဒီပေါ် ရောက်ဖို့အရေးကိုတောင် တွေးပြီး ကြံစည်နေလောက်ရောပေါ့။

နန့်ကျောထတာနဲ့ သံချပ်တွေ ရောပြီး မြင်ရတာလည်း တစ်မျိုးတော့ ကောင်းသားပေါ့လေ။ နန့်ကျော ထချင်သူ အဖို့ကတော့ ဘယ်လိုပင် ယဉ်တာတွေ၊ ကျေးတာတွေ၊ မှုတာတွေပြောပြော နန့်ဦး၊ ကျောဦး၊ ထဦးမှာပါပဲ။ သံချပ်ထိုးတာကို မြင်ရတဲ့ သံချပ် ၀ါသနာရှင်တွေအဖို့ကတော့ နောက်နှစ်၊ နောက်နှစ်များမှာ သံချပ်ဝင်ထိုးဖို့ ခုကတည်းက တင်ကြို ရင်ခုန်နေ လောက်ရောပေါ့။"

ကဲ... အင်တာနက်ရှုသူများခင်ဗျား...။ သင်တို့ရော.. နန့်ကျောထမှာလား။ သံချပ်ထိုးမှာလား။ ကျွန်ုပ်ကတော့ နောက်နှစ် များမှာ သံချပ်အဖွဲ့တစ်ခုခုထဲ ၀င်ရောက် ပါဝင်ပြီး သံချပ်ထိုး ကလိဖို့အရေးကိုသာ စိတ်ကူးကြည်နူးနေမိပါဘိတောင်း။

မူရင်းရင်းမြစ် ဤနေရာသို့ သွားပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )