နေရှင်နယ်လိဂ် ကလပ်အသင်း ကမ္ဘောဇသည် ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် လူငယ် အမှတ်ပေး ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ကစားသမားသစ် ရွေးချယ်မှု များအား အဆင့်ဆင့် ပြုလုပ်လျက် ရှိပြီး ဧပြီလ (၂၉)ရက်နေ့က ဒုတိယ အဆင့် လူရွေးချယ်ပွဲအား စလင်း အားကစားကွင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။
ဧပြီ (၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့များက ပြုလုပ်ခဲ့သည့် ပထမအဆင့် လူရွေးပွဲသို့ ကစားသမားပေါင်း တစ်ထောင်ကျော် လာရောက် ရွေးချယ် ခံခဲ့ကြပြီး စုစုပေါင်း ကစားသမား (၉၀)အား ပဏာမအနေဖြင့် ရွေးချယ်ခဲ့သည်။ ထိုကစားသမားများအား ဒုတိယအဆင့် ရွေးချယ်ပွဲတွင် ပါဝင်စေခဲ့ပြီး ပဏာမ အယောက်(၃၀)အား ရွေးချယ်ခဲ့ကာ နောက်ဆုံး (၂၅)ဦး လူစာရင်းအတွက် နောက်ဆုံးအဆင့် ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။ ကမ္ဘောဇ အသင်း၏ အုပ်ချုပ်သူ ဦးသန်းထိုက်က "နောက်ဆုံး အဆင့်အနေနဲ့ အပြီးသတ်(၂၅)ယောက် ရွေးချယ် သွားမှာပါ။
အပြီးသတ် လူရွေးချယ်ပြီးခါမှ အရည်အချင်း အလိုက် လစာတွေ သတ်မှတ် နိုင်မှာပါ။ အခုချိန် အထိ လာအရွေးခံတဲ့ အထဲတော့ လစာကျပ် (၁၀)သိန်းပေး ရလောက်အောင် ထူးချွန်တဲ့ ကစားသမားမျိုး မတွေ့ရ သေးပေမယ့် မနှစ်ကထက် ပိုမို တောင့်တင်းတဲ့ အသင်းတစ်သင်း ဖွဲ့စည်း နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကစားသမား ကောင်းတွေ မှန်မှန်ကန်ကန် ရွေးချယ် နိုင်မယ်ဆိုရင် ဒီရာသီမှာ လူငယ်အသင်း အောင်မြင်မှု တစ်ခုခု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
ကမ္ဘောဇ အသင်းသည် လူငယ်ပြိုင်ပွဲအတွက် လစာ (၁၀)သိန်း၊ (၅)သိန်း၊ (၃)သိန်းပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန်ကာ လူငယ် ကစားသမားသစ်များ ရှာဖွေခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com