22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

တိုက်စစ်မှူး ကောင်းစည်သူ အပါအ၀င် နာမည်ကြီး အချို့ကို ရန်ကုန် ယူနိုက်တက် အငှား ချဖွယ်ရှိ

ရန်ကုန် ယူနိုက်တက် အသင်းသည် ဒုတိယ အကျော့ မတိုင်မီ အသင်းမှ နာမည်ကြီး ကစားသမား အချို့ကို ပြိုင်ဘက် အသင်းများသို့ အငှားဖြင့် စေလွှတ်ဖွယ် ရှိနေကြောင်း သိရသည်။ နည်းပြချုပ် ဖြစ်သူ အဲရစ်ဝီလျံ၏ ပြောကြားချက် အရ အဆိုပါ အငှားစေလွှတ် မည့်သူများတွင် အသင်း၏ လူငယ် လက်ရွေးစင် တိုက်စစ်မှူး ကောင်းစည်သူ၊ ဒုတိယ ဂိုးသမား စောအယ်ထူး၊ နောက်ခံလူ မျိုးဝင်းထွဋ်နှင့် အခြား တိုက်စစ်မှူး တစ်ဦးဖြစ်သူ နိုင်ဦးလွင်တို့ ပါဝင်ကြောင်း သိရသည်။

ကောင်းစည်သူသည် အသင်း၏ ဦးစားပေး (၁၈)ယောက် စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်သော်လည်း ၎င်း၏ အရန် ကစားသမား ဘ၀ကို မကျေနပ်သောကြောင့် ပုံမှန်ပွဲထွက် ကစားခွင့် ရရှိမည့် အသင်းကို သွားရောက်လိုကြောင်း အသင်း အုပ်ချုပ်သူများကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသင်းမှလည်း ၎င်း၏ တောင်းဆိုမှုကို လက်ခံ စဉ်းစားနေပြီး ပြိုင်ဘက်အသင်း တစ်သင်းထံသို့ အငှား စာချူပ်ဖြင့် စေလွှတ်ဖွယ် ရှိနေသည်။

ကောင်းစည်သူ အနေနှင့် အခြားအသင်း တစ်သင်းသို့ အငှားသွားရောက် ကစား ဖြစ်ပါက ပိုမိုတိုးတက် လာနိုင်ကြောင်း အဲရစ်ဝီလျံက သုံးသပ်ခဲ့သည်။ "တခြားအသင်း တစ်သင်းသင်းမှာ အငှား သွားကစားချင် တယ်လို့ ကောင်းစည်သူက ခွင့်တောင်း လာပါတယ်။ ကျွန်တော် သူ့ဆန္ဒကို နားလည်ပါတယ်။ ကစားသမား တစ်ယောက်အတွက် ပွဲကစား ခွင့်ရလိုတာ မဆန်းပါဘူး။ သူပြန်လာရင် အခုထက်ပိုမို ခြေစွမ်း ထက်လာမယ်လို့ မျှော်လင့်ပါတယ်" ဟု အဲရစ်ဝီလျံက ဆိုခဲ့သည်။ ကောင်းစည်သူ ကလည်း "ကျွန်တော့် အနေနဲ့ ပွဲကစားခွင့်ကို ခုထက် ပိုလိုချင်တာကြောင့် ရန်ကုန်က ထွက်ခွာပြီး တခြား အသင်းမှာ အငှား သွားကစားဖို့ စဉ်းစားရတာပါ" ဟု ၎င်း၏ ဆုံးဖြတ်ချက်ကို ဖွင့်ဟခဲ့သည်။

ရန်ကုန်အသင်း အနေဖြင့် ဧရာဝတီ အသင်းခေါင်းဆောင်ဟောင်း မျိုးဝင်းထွဋ် ကိုလည်း ချင်း ယူနိုက်တက်သို့ အငှားချရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။ မျိုးဝင်းထွဋ် အနေဖြင့်လည်း ပွဲထွက်ခွင့် ပျောက်ဆုံးလျှက် ရှိသောကြောင့် ချင်းယူနိုက်တက်သို့ သွားရောက် ကစားရန် ဆန္ဒ ရှိနေသည်။ ချင်းယူနိုက်တက် နည်းပြချုပ် ဦးဆန်းဝင်းကလည်း မျိုးဝင်းထွဋ်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ထို့အပြင် ရန်ကုန် ယူနိုက်တက်သည် ဒုတိယ ဂိုးသမား စောအယ်ထူးနှင့် တိုက်စစ်မှူး နိုင်ဦးလွင် တို့ကိုလည်း အငှားချရန် စီစဉ်လျှက် ရှိပြီး ခေါ်ယူလိုသည့် အသင်းများက စုံစမ်းလျှက် ရှိကြောင်း သိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )