စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နောင်စကားကျေးရွာအုပ်စုမှာ
ရွှေတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြောင့် လယ်ယာမြေတွေ ရာနဲ့ချီ ပျက်စီးနေတာ နဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကြောင့် ဒေသခံ လယ်သမား ကိုယ်စားလှယ် ၂၂ ဦးက ကုမ္ပဏီတွေကို ဒီကနေ့ မြို့နယ် တရားရုံးမှာ တရားစွဲလိုက်ပါတယ်။
နောင်စကား ကျေးရွာအုပ်စုအတွင်းက နွေစပါး စိုက်ထားတဲ့ လယ်ယာမြေ ဧကပေါင်း ၃၀၀ လောက်ဟာ ကုမ္ပဏီတွေ တူးတဲ့ မြေတွေ ဖို့လိုက်တာကြောင့် ဆက်လက် လုပ်ကိုင်လို့မရအောင် ပျက်စီးသွားတာလို့ ဆိုပါတယ်။ ဒါ့အပြင် ဥရုချောင်းရေဟာလည်း ဒေသခံတွေ သုံးစွဲလို့ မရအောင် ပျက်စီးနေပြီလို့ တရားမမှုကို ဦးဆောင်စီစဉ်ပေးတဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
ရွှေတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကတော့ အောင်ပိုင်ဇံ၊ ငုဝါ၀င်းရွှေ၊ ဌေးဝင်းထွန်း အပါအ၀င် ဒေသခံ ကုမ္ပဏီ ၆ ခုဖြစ်ပြီး အဲဒီကုမ္ပဏီတွေဟာ ဘူဒိုဇာစက်ကြီးတွေ သုံးပြီး မြေတူးဆွပြီး လယ်ယယာမြေတွေပေါ်မှာပါ ဖို့နေတာကြောင့် လယ်ယာမြေတွေ ပျက်စီးနေတာပါ။
ဒေသခံ ရှမ်းတိုင်းရင်းသား တောင်သူလယ်သမား ၂၂ ဦး ကိုယ်စားပြု တင်ထားတဲ့ အမှုကို ဟုမ္မလင်းမြိ့နယ် တရားရုံးက ဒီကနေ့ညနေပိုင်းက လက်ခံလိုက်ပါတယ်။

8:35 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com