ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လ၀က ရုံးမှ သည် ဒေသခံ အိမ်ထောင်စုစရင်း
ပျောက်ဆုံးသူများကို အသစ်ပြန်လုပ်ပေးဖို့ ကြံ့ကြာနေကြောင်းသိရပါသည်။
နမ့်ခမ်းမြို့ နယ် နောင်စန့်ကုန်းကျေးရွာမှ အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့်
အိမ်ထောင်စုစာရင်းပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အသစ်ထုတ်ပေးဘို့နှင့်
၎င်း အိမ်ထောင်စုဝင် တစ်ဦး ရန်ကုန်သို့ ပုံစံ( ၁၀ ) ဖြင့်ပြောင်းရန်
လုပ်နေသည်မှာ တစ်လ နီးပါးရှိပေမဲ့ ခုထိ လုပ်မပေးသေးပါကြောင်း မိသားစုဝင်
တဦးက MNN ကိုပြောပြပါသည်။
ထိုထက်သာမက အသက် ၃၇ နှစ်ရှိသော အိမ်ထောင်စုဝင်တစ်ဦးလည်း
မှတ်ပုံတင်မရှိသေးပါဟု ဆိုသည်။
နမ့်ခမ်းမြို့  လ၀က တစ်ရုံးလုံးက ငွေရသော တရုတ်နိုင်ငံကူးလက်မှတ် အတွက်ကိုသာ
ဦးစားပေးလုပ်ဆောင်နေပြီး ၊ ဒေသခံများ၏ အမှု့ ကိစ္စများကို တော့ ဟိုရွှေ့ ဒီရွှေ့ 
ရက်တွေ ချိန်း၊ ဟိုလူဆီပို့ ဒီလူဆီပို့နှင့် စာရိတ်ထောင်းနေကြောင်း နမ့်ခမ်းမြို့ 
ခံတဦး က MNN ကို ပြောပြပါသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com