ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်တွင် တစ်စုံတစ်ခု အတွက် ဦးတည် မျှော်လင့်စရာ မရှိတော့သော အသင်းနှစ်သင်း တွေ့ဆုံမှုတွင် ချယ်လ်ဆီးက ဘလက်ဘန်း ရိုဗာကို အနိုင် ရရှိသွားသည်။
အိမ်ရှင် ချယ်လ်ဆီးသည် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ပေးဇယား စတုတ္ထ နေရာကို ဆုံးရှုံးပြီး ဖြစ်သောကြောင့် အရန်အများစုကို ပွဲထုတ်ကာ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ရိုမီလူ လူကာကူ၊ ရာမီရက်စ်၊ ဖလောရင့် မာလူဒါ၊ မိုက်ကယ် အက်ဆီယန်၊ ရောလ်မီရာလက်စ်၊ ရိုင်ယန်ဘာထရန်၊ ဂျွန်တယ်ရီ၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၊ ဆမ်ဟတ်ချီဆန်၊ ရော့စ်တန်ဘူးလ်တို့ဖြင့် ခင်းကျင်းခဲ့သည်။ တန်းဆင်းသွားပြီးဖြစ်သည့် ဘလက်ဘန်းတွင်မူ ယာကူဘူ အေယစ်ဘီနီ၊ ဒေးဗစ်ဟွိုင်လတ်၊ မားကက်စ် အော်လ်ဆင်၊ မော်တန်ဂမ့်စ် ပက်ဒါဆင်၊ ဂျေဆန်လိုဝီ၊ မော်ရို ဖော်မီကာ၊ မာတင် အော်လ်ဆင်၊ ဂေးလ်ဂီးဗတ်၊ စကော့ဒန်း၊ အဒမ်ဟန်လေ၊ ဂျက်ကိန်းတို့ ပါဝင် ကစားခဲ့သည်။
ပွဲအစ (၂)မိနစ်တွင် မာလူဒါ၏ ဖြတ်တင်ဘောကို ဂိုးသမားကိန်း ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ (၁၃)မိနစ်တွင် လူကာကူ ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားသည်။ (၁၄)မိနစ်တွင် ရာမီရက်စ် ပေးပို့သည့် ဘောလုံးကို လူကာကူ ဂိုးသွင်းရန် ကြိုးစားသော်လည်း ကိန်းက ရှင်းထုတ်သွားသည်။ (၁၉)မိနစ်တွင် လူကာကူ ဂိုးနှင့်အနီးကပ် ပိတ်သွင်းခွင့် ရသော်လည်း ကိန်းက ကာကွယ်သွားသည်။ မိနစ်(၃၀)တွင် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ရရှိသည်။ လူကာကူ ကန်တင်ပေးလိုက်သော ဘောလုံးကို တယ်ရီက ခေါင်းတိုက်ကာ အဝေးတိုင်ထောင့်ထဲ သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ (၃၃)မိနစ်တွင် ချယ်လ်ဆီးတို့ ဒုတိယဂိုးရသည်။ အက်ဆီယန် ညာခြမ်းမှ ဧရိယာထဲ ဆွဲဝင်လာသည်ကို ဘလက်ဘန်း ခံစစ်က တားဆီးသဖြင့် လဲကျသွားသော်လည်း အလိုက်သင့် ပြေးတက်လာသည့် မီရာလက်စ်က အပြင်းကန်ထည့်သွားခဲ့သည်။ ပထမပိုင်း အပြီးတွင် ချယ်လ်ဆီးက (၂-၀)ဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။
(၅၉)မိနစ်တွင်မူ ဘလက်ဘန်းတို့ ဂိုးပြန်သွင်းခဲ့သည်။ ပက်ဒါဆင် ကန်တင်ပေးသော ထောင့်ကန်ဘောကို ဒန်းက ခေါင်းတိုက်ကာ ယာကူဘူက အဆုံးသတ် ထိချက်ဖြင့် ဂိုးသွင်းသွားခြင်း ဖြစ်သည်။ မိနစ်(၆၀)တွင် ရာမီရက်စ်၏ အားထုတ်မှု ဘားတန်းထိ ထွက်သွားသည်။ (၆၈)မိနစ်တွင် စတားရစ်ဂ်ျ၏ ကန်ချက် အော်လ်ဆင်နှင့်ထိကာ လမ်းကြောင်းပြောင်းလာသောကြောင့် ဂိုးသမားကိန်း ဒိုင်ဗင်ထိုး ကာကွယ်ခဲ့ရသေးသည်။ နောက်ပိုင်းမိနစ်များတွင် နှစ်သင်းလုံး ဂိုးမသွင်းနိုင်တော့သည့်အတွက် ချယ်လ်ဆီးက (၂-၁)ဖြင့် အနိုင်ရကာ ဆဋ္ဌမ နေရာဖြင့် ရာသီသိမ်းခဲ့သည်။ ချယ်လ်ဆီးသည် လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ဘိုင်ယန်မြူးနစ်အား ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အနိုင်ကစားရတော့မည် ဖြစ်သည်။
Ref: Eurosport
လူကာကူ ကန်တင်ပေးလိုက်သော ဘောလုံးကို တယ်ရီက ခေါင်းတိုက်ကာ အဝေးတိုင်ထောင့်ထဲ သွင်းယူ ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com