မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆန်းဒါးလန်းကို အဝေးကွင်းတွင် အနိုင်ရရှိသွားသော်လည်း တစ်ဖက်တွင် မန်ချက်စတာစီးတီး အနိုင် ရသွားသဖြင့် ဒုတိယ နေရာဖြင့်သာ ရာသီ သိမ်းနိုင်ခဲ့သည်။
ဆန်းဒါးလန်းသည် ဖရေဇာကမ့်ဘဲလ်၊ ဆီဘက်စတီယန် ဆက်ဆက်နွန်၊ ဂျိမ်းစ်မက္ကလင်း၊ ဂျက်ကိုးလ်ဘက်၊ ဒေးဗစ်ဗော်ဂန်၊ ကရိတ်ဂ်ျဂါ့ဒ်နာ၊ ဖီးလ်ဘာစလေ၊ တီးတက်စ် ဘရမ်းဘဲလ်၊ မိုက်ကယ်တာနာ၊ ဂျွန်အိုရှေး၊ ဆိုင်မွန်မစ်နိုလတ်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ မန်ယူတွင်မူ ၀ိန်းရွန်နီ၊ အက်ရှ်လေယန်း၊ ရိုင်ယန်ဂစ်၊ အန်တိုနီယို ဗလန်စီယာ၊ ပေါလ်စခိုးလ်၊ မိုက်ကယ်ကာရစ်၊ ပက်ထရစ် အီဗရာ၊ ဂျွန်နီအီဗန်စ်၊ ရီယိုဖာဒီနန်၊ ဖီးလ်ဂျုံးစ်၊ ဒေးဗစ် ဒီဂီယာတို့ ပါဝင် ကစားခဲ့ကြသည်။
ပွဲချိန် (၁၈)မိနစ်တွင် ဂစ်ကန်တင်ပေးသော ထောင့်ကန်ဘောကို ဂျုံးစ်က ခေါင်းတိုက်ဂိုးသွင်းရန် ကြိုးစားသော်လည်း ဘားတန်းပေါ် ကျော်သွားသည်။ မိနစ်(၂၀)တွင် မန်ယူအသင်း ဂိုးစတင်ရရှိသည်။ ညာခြမ်းမှ ဂျုံးစ် ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ရွန်နီက ဂိုးသမား မစ်နိုလတ်နှင့် အနီးကပ် အနေအထားတွင် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ (၂၇)မိနစ်တွင် ဂစ်၏ အားပါသော ကန်ချက်ကို မစ်နိုလတ် ပုတ်ထုတ် ကာကွယ်သွားသည်။ (၂၉)မိနစ်တွင် ရွန်နီ၏ ပြစ်ဒဏ်ဘော ကန်ချက်သည် ဂိုးဘားတန်းတည့်တည့် ထိထွက်သွားခဲ့သည်။ (၃၄)မိနစ်တွင် ယန်းနှင့် ဗလန်စီယာတို့ တွဲလုံးမှတစ်ဆင့် ရွန်နီ အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဖြုန်းတီးပစ်ခဲ့သည်။ (၃၅)မိနစ်တွင် ဆက်ဆက်နွန် ပေးပို့သော ဘောလုံးအား ကမ့်ဘဲလ်က အသင်းဟောင်း မန်ယူဘက် ဂိုးသွင်းရန် အားထုတ်ခဲ့သော်လည်း လွဲချော်သွားသည်။ ပထမပိုင်း အပြီးတွင် မန်ယူက ပွဲကို ဦးဆောင်ကာ ကစားခွင့် ရနေခဲ့သည်။
ဒုတိယပိုင်း ပြန်လည် စတင်ပြီး (၂)မိနစ်အတွင်း ရွန်နီက ဂစ်နှင့်ယန်းတို့ ပူးပေါင်းချိတ်ဆက် ဖန်တီးပေးသည်ကို ဧရိယာ ထိပ်နားမှ ကန်သွင်းသော်လည်း မစ်နိုလတ် ကာကွယ်သွားသည်။ (၅၁)မိနစ်တွင် ဆန်းဒါးလန်း၏ ထိုးဖောက်မှုကို မန်ယူခံစစ်ကာ ကာကွယ်ရင်း လျှံထွက်လာသော ဘောလုံးကို ဘာစလေ လှမ်းကန်သော်လည်း မန်ယူအသင်းက ပိတ်ဆို့သွားသည်။ (၅၉)မိနစ်တွင် ယန်း၏ မြေမကျ အပြင်းကန်ချက်ကို ဂါ့ဒ်နာ ပိတ်ဆို့ တားဆီးခဲ့သည်။ (၇၆)မိနစ်တွင် ဂစ်နှင့် စခိုးလ်တို့၏ နှစ်ဆင့် အားထုတ်မှုများကို မစ်နိုလတ် ကာကွယ်သွားခဲ့သည့်နောက် နှစ်သင်းလုံး ဂိုးမသွင်းနိုင်တော့ဘဲ မန်ယူကသာ (၁-၀)ဖြင့် အနိုင်ရခဲ့သည်။
မန်ယူသည် ယခုပွဲ အနိုင်ရသော်လည်း တစ်ဖက်တွင် မန်စီးတီးတို့ အောင်ပွဲခံခဲ့သဖြင့် ရမှတ်တူသော်လည်း ဂိုးကွာခြားချက် အနေအထားကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
Ref: Eurosport
ညာခြမ်းမှ ဂျုံးစ် ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ရွန်နီက ဂိုးသမား မစ်နိုလတ်နှင့် အနီးကပ် အနေအထားတွင် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com