"ပြန်လည် လန်းဆန်းစေ လိုသည့် ရန်ကုန်စက်မူ့  တက္ကသိုလ် (ကြို့ကုန်း)
(သို့မဟုတ်) အင်ဂျင်နီယာ ကျောင်းသား/သူ များဖြင့်
ပြန်လည် သက်ဝင် လူပ်ရှားသင့်ပြီဖြစ်သော ရန်ကုန်စက်မှုတက္ကသိုလ် (ကြို့ကုန်း)"
၁၉၂၄ ခုနှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ်လက်အောက်တွင် အင်ဂျင်နီယာဌာန ( Department of Engineering) အဖြစ် တည်ရှိခဲ့ပြီး ၁၉၆၃ ခုနှစ်လောက်တွင် ရုရှားနိုင်ငံမှ လက်ဆောင်အဖြစ် တည်ဆောက်ပေး ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် (ကြို့ကုန်း) သည် အင်ဂျင်နီယာနှင့် ဗိဿုကာကျောင်းသား/သူများကို (၁၉၉၈)
ခုနှစ်ထိ ပညာရည်နို့သောက်စို့ရာ မိခင်ကျောင်းတော်ကြီးအဖြစ်တည်ရှိခဲ့သည်။
(သို့မဟုတ်) အင်ဂျင်နီယာ ကျောင်းသား/သူ များဖြင့်
ပြန်လည် သက်ဝင် လူပ်ရှားသင့်ပြီဖြစ်သော ရန်ကုန်စက်မှုတက္ကသိုလ် (ကြို့ကုန်း)"
၁၉၂၄ ခုနှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ်လက်အောက်တွင် အင်ဂျင်နီယာဌာန ( Department of Engineering) အဖြစ် တည်ရှိခဲ့ပြီး ၁၉၆၃ ခုနှစ်လောက်တွင် ရုရှားနိုင်ငံမှ လက်ဆောင်အဖြစ် တည်ဆောက်ပေး ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် (ကြို့ကုန်း) သည် အင်ဂျင်နီယာနှင့် ဗိဿုကာကျောင်းသား/သူများကို (၁၉၉၈)
ခုနှစ်ထိ ပညာရည်နို့သောက်စို့ရာ မိခင်ကျောင်းတော်ကြီးအဖြစ်တည်ရှိခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်များများဖြင့်အောင်မြင်ပြီး စက်မှုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူတိုင်းသည် ပထမနှစ်မှစတင်၍ ဆဋ္ဌမနှစ်ထိတိုင်အောင် (၆) နှစ်တာ မိခင်ကျောင်းတော်ကြီးတွင် ပညာသင်ခွင့် ရရှိပြီး အောင်မြင် ပြီးမြောက်ပါက ( B.E. /B.Arch.)ဘွဲ့များကို ချီးမြှင့်ပါသည်။ ထို့ပြင် စက်မှုစိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနလက်အောက်ရှိ စက်မှု/လက်မှု သိပ္ပံကျောင်းများမှ (၃) နှစ်တာ ပညာသင်ကြားပြီးစီး အောင်မြင်ထားသော (A.G.T.I.) လက်မှတ် ရရှိထားသူများထဲမှ အရည်အချင်းပြည့်မှီသူ အနည်းစုကိုလည်း ဝင်ခွင့်စာမေးပွဲကျင်းပပြီး အရည်အချင်းကိုသေချာစွာစီစစ်၍ ထိုက်သင့်သူတို့ကိုလည်း စက်မှုတက္ကသိုလ်ကျောင်း(ကြို့ကုန်း)တွင် တတိယနှစ်မှစ၍ ပညာသင်ကြားခွင့်
ပြုခြင်းလည်း ရှိခဲ့ပါသည်။ ၎င်းတို့ကိုလည်း ဆဋ္ဌမနှစ်အထိ ပညာများကို သင်ကြားအောင်မြင်ပြီးလျှင် ( B.E. , B.Arch.) ဘွဲ့များ ချီးမြှင့်ခဲ့ပါသည်။ ထိုသို့ မွေးထုတ်ပေးလိုက်သော အင်ဂျင်နီယာနှင့် ဗိဿုကာများသည် နိုင်ငံ
တော်တည်ဆောက်ရေးတွင် အရေးကြီးသောနေရာ၌ ပါဝင်ဆောင်ရွက်နေကြပါသည်။
ပြုခြင်းလည်း ရှိခဲ့ပါသည်။ ၎င်းတို့ကိုလည်း ဆဋ္ဌမနှစ်အထိ ပညာများကို သင်ကြားအောင်မြင်ပြီးလျှင် ( B.E. , B.Arch.) ဘွဲ့များ ချီးမြှင့်ခဲ့ပါသည်။ ထိုသို့ မွေးထုတ်ပေးလိုက်သော အင်ဂျင်နီယာနှင့် ဗိဿုကာများသည် နိုင်ငံ
တော်တည်ဆောက်ရေးတွင် အရေးကြီးသောနေရာ၌ ပါဝင်ဆောင်ရွက်နေကြပါသည်။
မန္တလေးတွင် စက်မှု သင်တန်းကျောင်း အဖြစ် ဂျာမနီက တည်ဆောက်ပေးခဲ့သော အဆောက်အဦးကို (၁၉၉၁) ခုနှစ်၊ နှောင်းပိုင်းတွင် မန္တလေးစက်မှုတက္ကသိုလ် အဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး အင်ဂျင်နီယာများ မွေးထုတ်
ပေးခဲ့ပါသည်။ ထို့ပြင် (၁၉၉၃) ခုနှစ်တွင် မေမြို့၌ တပ်မတော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၀
ခုနှစ်တွင် A.G.T.I. (၃) နှစ် သင်တန်းပြီးစီးသူများထဲမှ အဆင့်မီသူများအား နောက်ထပ် (၂)နှစ် ပညာသင်ကြား
စေပြီး B-Tech. ဘွဲ့ပေးမည့်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ ထို့ပြင် ၂၀၀၂ ခုနှစ်တွင် B.E. ဘွဲ့ကိုရရှိစေရန် နောက်
ထပ် (၁)နှစ် ထပ်မံ ပညာသင်ကြားရခြင်း စနစ်ကို ကျင့်သုံးခဲ့ပါသည်။
ထိုကြောင့် ယခင်ကတက္ကသိုလ်ဝင် တန်းစာမေးပွဲကို အမှတ်များများဖြင့်အောင်မြင်ခဲ့သူ စက်မှုတက္ကသိုလ်
ကျောင်းသားများ အတွက် (၆) နှစ်တာပညာသင်ကြားပြီး၊ စက်မှုလက်မှုသိပ္ပံမှ A.G.T.I. အောင်လက်မှတ် ရရှိ
ထားသူ အနည်းစု အတွက် (၇) နှစ် ပညာသင်ကြားလာခဲ့ရာ ယခု A.G.T.I. အောင်လက်မှတ်အတွက် (၂)နှစ်၊ B.Tech. ဘွဲ့အတွက် (၂) နှစ် ၊ B.E. ဘွဲ့အတွက် (၁) ဟူ၍ (၂)+ (၂)+ (၁) စုစုပေါင်း (၅)နှစ် စနစ်ကိုကျင့်သုံး
ပါသည်။ သင်ကြားသောသင်ရိုးများတွင်လည်း A.G.T.I.(၂)နှစ်ပြီးလျှင် B.Tech. မှတဆင့် B.E. သို့ကူးရသော
သင်ရိုးများဖြစ်သောကြောင့် မြင်လွယ်သော ဥပမာတခုအနေဖြင့် ဆေးပညာသင်ကြားခြင်းတွင် သူနာပြုသင်တန်း
အောင်မြင်ပြီးမှ ဆရာဝန်ပညာကို ဆက်လက်သင်ကြားရသလိုဖြစ်နေသောကြောင့် အဆင်မပြေဖြစ်ရသည်။ သူ
နာပြုတတ်သိရမည့်အခြေအနေနှင့် ဆရာဝန်များတတ်သိရမည့် အခြေအနေမှာ အပိုင်းအခြားရှိသည်ကို အလွယ်
တကူ ထင်ရှားလှပါသည်။
ထိုအချိန်အတောအတွင်း ပထမ (၂) နှစ်တွင် A.G.T.I. လက်မှတ်ရရှိပြီး B.Tech. ရရှိရန် အဆင့် မမီ
သောသူများသည် ထိုအခြေအနေ၌ ရပ်၍၎င်း ၊ B.Tech. အောင်မြင်ပြီး အဆင့်မမှီသော သူများလည်း B.Tech. ဘွဲ့ဖြင့်သာရပ်၍ B.E. ဖြစ်ခွင့်မရှိတော့ပါ။ ထို့ကြောင့် ကျောင်းသားမိဘများသည် မိမိတို့သားသမီးများ၏ပညာရေး
တွင် ပန်းတိုင်သို့ရောက်ရှိနိုင်ရေးအတွက် အလွန်ပူပန်ကြရပါသည်။ လမ်းတဝက်တပျက်နှင့် ရပ်ဆိုင်းသွားမည်ကို အလွန်စိုးရိမ် ကြရပါသည်။နှစ်တော်တော်ကြာသော် ပေါင်းကူးစာမေးပွဲများ ရံဖန်ရံခါ ပြုလုပ်ပေးတတ်သော်လည်း ကန့်သတ်ချက်များ များလွန်းပြီး၊ အင်ဂျင်နီယာပညာ၌ အားနည်းစေကာမူ အင်္ဂလိပ်စာအောင်သော ကျောင်း
သား/သူများကို ဦးစားပေးခြင်းဖြင့် အနည်းငယ် သာတက်ခွင့် ရရှိခဲ့သည်ကိုလည်း ရှိခဲ့ပါသည်။
ထိုအတောအတွင်း နည်းပညာကောလိပ်/တက္ကသိုလ်များ ကို မြန်မာတနိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်
တိုးချဲ့တည်ဆောက်လာခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ စတင်၍ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းတွင် ကျောင်းသား/
သူများ ပညာသင်ခွင့်မရတော့ဘဲ ဆရာအများစုအပါအဝင် ကျောင်းသား/သူများသည်ထိုကျောင်းသစ်များသို့ သွား
ရောက်ကြရပါသည်။ ကျောင်းမှသင်ကြားရေး အထောက်အကူပြုပစ္စည်းများကို အခြားကျောင်း အများအပြားသို့ ပျံနှံ့ရောက်ရှိသွားပြီး၊ စက်မှုတက္ကသိုလ်ကျောင်းကြီးမှာလဲ ချုံနွယ်မြက်ရိုင်းကြားတွင် ပုန်းကွယ်၍ နေခဲ့ရပါသည်။
ကျောင်းသစ် အများစုတွင် ကျောင်းဆောင်အဆောက်အဦးသာ ရှိပြီး ၊ အင်ဂျင်နီယာကျောင်းတွင် ရှိသင့်
သောလက်တွေ့ခန်းများ၊ လက်တွေ့လုပ်ရသော (work shop) များ၊ လုံလောက်စွာ မရှိသည်ကိုတွေ့ရှိခဲ့ရပါသည်။
အသစ်တည်ဆောက်သော ကျောင်းတိုင်းသည် သက်ဆိုင်ရာဒေသ၏ မြို့များနှင့် လွန်စွာဝေးကွာသောကြောင့် ကျောင်းသား/သူများနှင့် ဆရာ/မများမှာ အချိန်ကုန်ခြင်း၊ ခရီးပန်းခြင်းဒဏ်ကိုခံစားကြရပါသည်။
ကျောင်းများတွင် ရှိသော ဆရာ/မများကို ထပ်မံတိုးချဲ့ဖွင့်သော ကျောင်းများသို့ သွားရောက်ရန်စေခိုင်း သောကြောင့် အရည်အချင်းပြည့်မီသော ဆရာ/မအများစုမှာ နှုတ်ထွက်သွားကြပါသည်။ ဆရာ/မများအတွက် သင်ကြားရေးအထောက်အကူ ပြုသင်တန်းများလည်း နည်းပါးနေခဲ့ပါသည်။ ကျောင်းသား/သူများကိုလည်း အမှတ်နိမ့်နိမ့်ဖြင့် ဝင်ခွင့်ပေးခဲ့သော
ကြောင့် အင်ဂျင်နီယာ ကျောင်းသား/သူ အရည်အတွက်များပြီး ၊ ထူးချွန်ပြောင်မြောက်သော ကျောင်းသား/သူ ရှားပါးလာပါသည်။ စာမေးပွဲစစ်ဆေးရာတွင်လည်း သက်သက်ညှာညှာစစ်ဆေးပြီး အတန်းတက်ခွင့် ပြုခဲ့ပါသည်။
ဤသို့ ဖြင့် အင်ဂျင်နီယာ ပညာရေးသည် တနေ့တခြားအားနည်း ၍ လာခဲ့ရပါသည်။
ကြောင့် အင်ဂျင်နီယာ ကျောင်းသား/သူ အရည်အတွက်များပြီး ၊ ထူးချွန်ပြောင်မြောက်သော ကျောင်းသား/သူ ရှားပါးလာပါသည်။ စာမေးပွဲစစ်ဆေးရာတွင်လည်း သက်သက်ညှာညှာစစ်ဆေးပြီး အတန်းတက်ခွင့် ပြုခဲ့ပါသည်။
ဤသို့ ဖြင့် အင်ဂျင်နီယာ ပညာရေးသည် တနေ့တခြားအားနည်း ၍ လာခဲ့ရပါသည်။
နောက်ပိုင်း အင်ဂျင်နီယာကျောင်းသား/သူများတွင် အရည်အချင်းပြည့်မှီသူ အလွန်နည်းပါးလာသည့်အ
ပြင် ဆရာ/မများမှာလည်း မနိုင်ဝန်ကိုထမ်းရခြင်း (ဆိုလိုသည်မှာ ဆရာ/မရှားပါးသောကြောင့် တယောက်တည်း
ဘာသာရပ်များစွာကို သင်ကြားပေးရခြင်း) ကြောင့် ကိုယ်တိုင်တွင်လည်း ယုံကြည်မှုနည်းပါးလာပါသည်။ ဆရာ/မ
များကိုယ်တိုင်ကလည်း ကျောင်းသား/သူများ၏ အရည်အချင်း နည်းပါးလာသည်ကိုလည်း သိ၍လာခဲ့ကြပါသည်။ ထို့အပြင် လူငယ်အင်ဂျင်နီယာများကိုလည်း ပြင်ပအလုပ်ဌာနမှ အသိအမှတ်ပြုမှုနည်းလာခြင်း၊ ပညာရပ်ပေါ်တွင်
ယုံကြည်မှုအားနည်းလာခြင်းတို့ကို ဖြစ်စေလာခဲ့ပါသည်။ နိုင်ငံတကာ အထူးသဖြင့် အာဆီယံနိုင်ငံများတွင်
လည်း မြန်မာနိုင်ငံ၏ အင်ဂျင်နီယာများကို တန်ဖိုးထားမှုနည်းလာပါသည်။
သို့ဖြစ်ပါသောကြောင့် တိုင်းပြည်၏ဂုဏ်ဆောင်အင်ဂျင်နီယာတက္ကသိုလ်ဖြစ်ခဲ့သော ယခုအချိန်တွင် ကျိန်း
သေပေါက် ဖြစ်နိုင်ခြေရှိနေသော ရန်ကုန်စက်မူတက္ကသိုလ် (ကြို့ကုန်း)ကျောင်းတော်ကြီးတွင် တက္ကသိုလ်ဝင်ခွင့်
စာမေးပွဲတွင် အမှတ်များများရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ပထမနှစ်မှစ၍ ဆဋ္ဌမနှစ်အထိတဆက်
တည်း ပညာသင်ကြားစေပြီး အင်ဂျင်နီယာဘွဲ့၊ ဗိဿုကာဘွဲ့များကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိစေရန် ပညာ
သင်ကြားခြင်းစနစ် အခွင့်အလမ်းကောင်းကို ပြန်လည်ရရှိသင့်ပြီဖြစ်ပါသည်။
သို့ရာတွင် လက်ရှိဖွင့်လှစ်ပြီးသော ကျောင်းများအား ပိတ်ပစ်စေခြင်း မဟုတ်ဘဲ ထိုအရပ်ဒေသ ရှိ ကျောင်းသား/သူများ ပညာသင်ကြားရမည့်အပြင် ရန်ကုန်စက်မှုတက္ကသိုလ်နှင့်ဆက်နွယ်နိုင်ရန်တို့အတွက် ယခုလက်ရှိ စက်မူတက္ကသိုလ်အသစ်များ၏ အကြီးအကဲများ၊ ရန်ကုန်စက်မှုတက္ကသိုလ် အကြီးအကဲ များနှင့် အထက်အဖွဲ့အစည်းများ လက်တွဲညီညာစွာဖြင့် ( နည်းလမ်းကောင်းများ ရှာဖွေ၍) ပူပေါင်း ဆောင်ရွက်နိုင်ကြပါရန် အကြံပြုတင်ပြအပ်ပါသည်။
ကျောင်းသားပောာင်းတစ်ဦး
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com