မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ကျပ်နှစ်ရာဖြင့် အင်တာနက်အသုံးပြုခွင့်ရရှိစေမည့် မိုဘိုင်းမေးလ်ဝန်ဆောင်မှု Mobile E-mail Service ၀န်ဆောင်မှုအား ရတနာပုံ Call Center က ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဝန်ဆောင်မှုမှာ လက်ရှိတွင် အင်တာနက်လျှောက်ထားပြီးဖြစ်သော CDMA, GSM Mobile ဖုန်းများတွင်သာ အသုံးပြုနိုင်သေးကြောင်းနှင့် စမ်းသပ်ဆဲကာလတွင် ငွေပေးသွင်းစရာမလိုပဲ အသုံးပြုနိုင်ကြောင်းကိုလည်း သိရှိသည်။
စမ်းသပ်ကာလကျော်လွန်ပြီး နောက်ပိုင်းအသုံးပြုခမှာ တစ်ရက်လျှင်ကျပ် ၂၀၀ ကျပ်နှုန်းဖြင့် ၂၄ နာရီ အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ရတနာပုံ Call Center က ဆိုသည်။
“အသုံးပြုလို သူတွေအနေနဲ့ Call Centerကို အသုံးပြုလိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။” ဟု Call Center မှ ၀န်ထမ်း တစ်ဦးက ပြောသည်။ပေးပို့ရာတွင် Call Center ၏ ကုတ်နံပါတ်တစ်ခုဖြစ်သည့် (၁၈၈၃) သို့ GET MAIL ဆိုသော စကားလုံး အား အင်္ဂလိပ်အက္ခရာ စာလုံးကြီးများ အသုံးပြုကာ သုံးစွဲလိုသူများ၏ အင်တာနက် Account နှင့် Password များအား ပေးပို့ရမည် ဖြစ်သည်။
Mobile E-mail Service တွင် E-mail တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသော web-site များအသုံးပြုပါက မူလအတိုင်း ၁ မိနစ်လျှင် ၂ ကျပ်မှ ၄ ကျပ် အထိ ကျသင့်ကာ အသုံးပြုခများအား မိုဘိုင်းဖုန်းဘေလ်ထဲမှ ဖြတ်သွားမည်ဖြစ်သည်။
အဆိုပါ မေးလ် ၀န်ဆောင်မှု သုံးစွဲသူများအတွက် တစ်လစာ (၆၀၀၀)ကျပ်အဖြစ် သတ်မှတ်ထားပြီး အသုံးမပြု လိုပါက Call Center သို့ ထပ်မံအကြောင်းကြား၍ Server ပိတ်ထားရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆက်လက်ဝန်ဆောင်မှုမပြုလိုကြောင်း အကြောင်းကြားစာ မပို့ပါက တစ်လလျှင် ကျပ်(၆၀၀၀) စီ မိမိဖုန်း ဘေလ်ထဲမှ ဖြတ်တောက်ခြင်းခံနေရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါ ၀န်ဆောင်မှုကို ယခု ဇွန်လကုန်အထိ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုခကောက်ခံမှုအား ဇူလိုင်လ (၁)ရက်နေ့မှ စတင်ကောက်ခံတော့မည်ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com