ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနပိာုတယ်၌ ဇွန်လ(၂၀)ရက်နေ့ နံနက်၃နာရီခွဲအချိန်တွင် ကိုရီးယား လင်မယားနှစ်ဦးတည်းခိုနေရာမှ ကိုရီိးယားအမျိုးသား၏ ဓားချက်ကြောင့် ကိုရီးယားအမျိုးသမီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။
ဖြစ်စဉ်မှာ ယုဇနပိာုတယ် အခန်(၈၀၅)တွင် ဧည့်ဗီဇာဖြင့်နေထိုင်လျှက်ရှိသော ကိုရီးယားအမျိုးသားဖြစ်သူ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)က ၄င်း၏ အမျိုးသမီးဖြစ်သူ မစ္စစ်ကင်ဘွန်နန်အား အိပ်နေရာမှ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ဆိုသည်။
“ကိုရီးယားအမျိုးသားကိုတော့ ဗပာန်းရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ အမှုနဲ့ ပတ်သက်တာကိုတော့ဘာမှ မပြောနိုင်သေးပါဘူး။ ”ပာု ဗပာန်းမြို့နယ်က ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ဗပာန်းရဲစခန်းမှ မှတ်ချက်တစ်စုံတစ်ရာမှ ပေးလိုခြင်းမရှိကြောင်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးရာမှဝယ်ယူလာသောဓားဖြင့် စိတ်ဖောက်ပြန်၍ လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်မှ သိရှိရသည်။
“သူတို့က ကိုရီးယားအဖွဲ့အစည်းတွေ ဘုရားတွေ ဘာတွေ သွားဖူးပြီးသွားပြီ။ ဘုရားက ၀ယ်လာတဲ့ဓားနဲ့ စိတ်ဖောက်ပြန်ပြီး သတ်လိုက်တာ။ ”ပာု ယုဇနပိာုတယ် အနီးတွင် ထမင်းဆိုင်ဖွင့်ထားသော အမျိုးသမီး တစ်ဦးက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သတ်၍ မြန်မာပြည်အခြေစိုက် ကိုရီးယားသံရုံးအားမေးမြန်းရာ သတင်းထုတ်ပြန်မည့်သူမရှိ၍ မေးမြန်း၍ မရခဲ့ပေ။
အဆိုပါ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)သည် လူသတ်မှုကျူးလွန်စဉ် ၄င်း၏မိန်းမအား ဗိုက်ကိုခွဲ၍ အူများကို ဆွဲထုတ်ထားကြောင်း သိရသည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup

8:30 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com