22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, June 21, 2012

ရှန်ဟိုင်းနှင့် တရားဝင် စာချုပ် လိုက်ပြီဖြစ်သည့် ဒရော့ဂ်ဘာ

ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲ ခဲ့သည့်နောက် ဒီဒီရာ ဒရော့ဂ်ဘာသည် တရုတ်ကလပ် ရှန်ဟိုင်း ဆင်ဟွာ အသင်းနှင့် တရားဝင် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ဥရောပ ကလပ်အသင်း အချို့တို့က အသက်(၃၄)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဒရော့ဂ်ဘာအား ခေါ်ယူရန် အားထုတ်ခဲ့ကြ သေးသော်လည်း ဒရော့ဂ်ဘာသည် အာရှတိုက်ကိုသာ ရွေးချယ်ခဲ့သည်။ ၎င်းသည် ရှန်ဟိုင်းအတွက် ပထမဆုံး ပွဲစဉ်ကို ပြိုင်ဘက်ဟောင်းကြီး မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် စတင်ကစားဖွယ် ရှိနေသည်။ အင်္ဂလန် ထိပ်တန်းကလပ် မန်ယူသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဇူလိုင်လ (၂၅)ရက်နေ့တွင် ရှန်ဟိုင်းနှင့် ခြေစမ်းမည် ဖြစ်သည်။
ရှန်ဟိုင်းကလပ်နှင့် စာချုပ်ချုပ်လိုက်သည့် ဒရော့ဂ်ဘာ

ဒရော့ဂ်ဘာသည် ရှန်ဟိုင်းနှင့် (၂)နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်သည်လည်း ၎င်းကို ရရှိရန် ကြိုးပမ်းခဲ့သေးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒရော့ဂ်ဘာသည် ချယ်လ်ဆီး အသင်းဖော်ဟောင်း နီကိုလက်စ် အနယ်လ်ကာ ရှိနေသော အသင်းကိုသာ ရွေးချယ်ခဲ့သည်။ ဒရော့ဂ်ဘာသည် အသင်းသစ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှ ရရှိမည်ဟု ခန့်မဖှန်းရသည်။ ဒရော့ဂ်ဘာက "ကျွန်တော် ရှန်ဟိုင်းနဲ့ (၂)နှစ်ခွဲ စာချုပ်လိုက်ပြီ ဆိုတာ အတည်ပြုပါတယ်။ ဇူလိုင်မှာ အသင်းနဲ့ သွားပူးပေါင်းမှာပါ။ ကျွန်တော် ကမ်းလှမ်းမှုတွေကို သီတင်းပတ် နည်းနည်းလောက် အချိန်ယူ စဉ်းစား ခဲ့ပေမယ့် ရှန်ဟိုင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဆိုသည်။

ကျွန်တော် ရှန်ဟိုင်းနဲ့ (၂)နှစ်ခွဲ စာချုပ်လိုက်ပြီဆိုတာ အတည်ပြုပါတယ်။ ဇူလိုင်မှာ အသင်းနဲ့ သွားပူးပေါင်းမှာပါ။ ကျွန်တော် ကမ်းလှမ်းမှုတွေကို သီတင်းပတ် နည်းနည်းလောက် အချိန်ယူ စဉ်းစားခဲ့ပေမယ့် ရှန်ဟိုင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်...
၎င်းက "ခုချိန်မှာ ကျွန်တော်က စိန်ခေါ်မှု အသစ်တွေနဲ့ ရှေ့ဆက်ဖို့၊ ယဉ်ကျေးမှု ပုံစံသစ်ကို အတွေ့အကြုံယူဖို့ အသင့်ပါပဲ။ တရုတ် စူပါလိဂ်ရဲ့ ဖွံ့ဖြိုး တိုးတက်လာမှုတွေကို ကျွန်တော် စိတ်လှုပ်ရှား နေမိပါတယ်" ဟုလည်း ပြောကြားသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )