22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, June 21, 2012

ဂျရတ်ကို လေးစား အတု ယူခဲ့ကြောင်း ဒီရော့ဆီ ၀န်ခံ

အီတလီ လက်ရွေးစင် ကွင်းလယ် ကစားသမား ဒန်နီရယ်လ် ဒီရော့ဆီက မိမိသည် အင်္ဂလန် လက်ရွေးစင် စတီဗင် ဂျရတ်ကို လေးစား အားကျသူ တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။

အီတလီနှင့် အင်္ဂလန်တို့ ရင်ဆိုင် ကစားမည့် ဥရောပဖလား ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်မီ ရိုးမားအသင်းမှ ကစားသမားက ဂျရတ်၏ အရည်အသွေးများအား မိမိ အမြဲတစေ အားကျ သင်ယူနေခဲ့ကြောင်း ၀န်ခံခဲ့ခြင်း ဖြစ်သည်။ စီးရီးအေတွင် အီတလီ ကစားသမား အားလုံးအနက် လုပ်ခလစာ အမြင့်မားဆုံး အဖြစ် တစ်နှစ်လျှင် ပေါင်စတာလင် (၈)သန်း ရရှိနေသော ဒီရော့ဆီက မိမိထက် ဂျရတ်သည် ပိုမိုကောင်းမွန် ပြည့်စုံသော ကစားသမားမျိုး ဖြစ်နိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။


အသက်(၂၈)နှစ်ရှိ ဒီရော့ဆီက "အီတလီ နည်းပြ ဆီဇာရီ ပရင်ဒယ်လီက ပြောတယ်။ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်ပါတဲ့။ ဒါပေမဲ့ သူမှားပါတယ်။ ဒီရည်ညွှန်းမှုမျိုးက ဂျရတ်နဲ့သာ ထိုက်တန်တာပါ"ဟု လီဗာပူးလ် အသင်း ခေါင်းဆောင်အား ချီးကျူးခဲ့သည်။ ၎င်းက "ဂျရတ်ဟာ ကျွန်တော့်ရဲ့ စံပြ ကစားသမား ဖြစ်နေခဲ့တာ (၁၀)နှစ်လောက် ရှိပါပြီ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေ အတွက် တစ်ယောက်ပါ။ ပြီးတော့ ကွင်းလယ်လူ အားလုံးအနတွက် စံနမူကောင်းမျိုးလည်း ဖြစ်ပါလိမ့်မယ်" ဟု သုံးသပ်ခဲ့သည်။

အီတလီ နည်းပြ ဆီဇာရီ ပရင်ဒယ်လီက ပြောတယ်။ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်ပါတဲ့။ ဒါပေမဲ့ သူမှားပါတယ်။ ဒီရည်ညွှန်းမှုမျိုးက ဂျရတ်နဲ့သာ ထိုက်တန်တာပါ...
ဒီရော့ဆီက "ဂျရတ်ဟာ တိုက်ပွဲ တစ်ခုမှာဆိုရင် ဗဟိုကနေ ဦးဆောင်မယ့် သူမျိုးပါ။ ကွင်းထဲမှာ ဘယ်နေရာကြည့်ကြည့် သူ့ကို မြင်နိုင်တယ်။ ခံစစ်မှာရော၊ ကွင်းရဲ့ အလယ်ဗဟိုမှာရော၊ တိုက်စစ်မှာရောပေါ့။ ဒီလို အဆင့်မျိုးထိ ကျွန်တော်လည်း တက်လှမ်းချင်ပါတယ်" ဟုလည်း ပြောကြား သွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )