ချက်လက်ရွေးစင် ကွင်းလယ် ကစားသမား တိုမက်စ် ရိုဆစ်ကီးက ဥရောပ ဖလား ကွာတား ဖိုင်နယ်တွင် တွေ့ဆုံမည့် ပေါ်တူဂီ အသင်းမှ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုအား ခံစစ် မကစားတတ်သူဟု ဝေဖန်ခဲ့သည်။
အာဆင်နယ် အသင်း၏ ကစားသမား ရိုဆစ်စကီးသည် ရော်နယ်လ်ဒို မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မသွားမီက ပြိုင်ဘက်များအဖြစ် အကြိမ်ကြိမ် ရင်ဆိုင်ဖူးသည်။ ယခုအခါ လက်ရွေးစင် အသင်းအတွက် ကစားရင်း တစ်ကျော့ပြန် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်ပြီး ရိုဆစ်စကီးက ရော်နယ်လ်ဒို အပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပေါ်တူဂီ ကစားသမား အားလုံးက ရော်နယ်လ်ဒိုသည် ကမ္ဘာ့ အကောင်းဆုံးဟု ချီးကျူး ညွှန်းဆိုနေသော်လည်း အသက်(၃၁)နှစ်ရှိ ရိုဆစ်စကီးက ရော်နယ်လ်ဒိုတွင် လိုအပ်ချက်များ ရှိနေသေးကြောင်း ထောက်ပြခဲ့သည်။

ခံစစ် မကစားတတ်သူဟု ဝေဖန်ခံရသည့် ရော်နယ်လ်ဒို
ရိုဆစ်စကီးက "ရော်နယ်လ်ဒိုဟာ တိုက်စစ်မှာ တကယ် ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ သူက ခံစစ်ကို လုံးဝ မကစားချင်ဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ်က လုပ်ချင်တိုင်း လုပ်လို့ ရတာမျိုး ဖြစ်နေပြီး ခံစစ်ကို လှည့်ကြည့်ဖို့ မလိုဘဲ ဂိုးသွင်းဖို့ သက်သက် အာရုံ စိုက်နေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမားတဲ့လား။ ကျွန်တော်ကတော့ ဒီညွှန်းဆိုမှုနဲ့ သူနဲ့ ထိုက်တန်ရဲ့လား သေချာ မသိပါဘူး" ဟု ပြောကြားသွားသည်။
ရော်နယ်လ်ဒိုဟာ တိုက်စစ်မှာ တကယ် ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ သူက ခံစစ်ကို လုံးဝ မကစားချင်ဘူး...
၎င်းက "လူတွေက ပေါ်တူဂီဟာ ဥရောပ ဖလားမှာ ဗိုလ်စွဲနိုင်တဲ့ အသင်းကြီး တစ်ခုလို့ ပြောဆိုနေပါတယ်။ ဒါပေမဲ့ ခုလို အဆင့်မှာ အသင်း အားလုံးဟာ တောင့်တင်းပြီး ကွာဟချက် နည်းပါး သွားပါပြီ။ အမှားလေး တစ်ခုလောက်နဲ့တင် အနိုင်အရှုံး အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်။ ပေါ်တူဂီနဲ့ ပွဲဟာ ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ သူတို့ကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ချက် ရှိနေပါတယ်" ဟုလည်း သုံးသပ် ပြောဆိုသွားသည်။
Ref: The Sun



3:36 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com