အင်္ဂလန် အသင်းသည် အီတလီနှင့် ကစားမည့် ပွဲစဉ်တွင် တောင်ပံလူ အက်ရှ်လေယန်း ပါဝင်နိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။
အသက်(၂၆)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် ကစားသမားသည် ဥရောပ ဖလား အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ယူကရိန်းနှင့် ယှဉ်ပြိုင်စဉ် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့သည်။ ယူကရိန်း အသင်းခေါင်းဆောင် အင်ဒရီ ရှက်ဗ်ချန်ကို၏ ဖျက်ထုတ်မှုကြောင့် ယန်း၏ ဒူးခေါင်းတွင် အတန်ငယ် ထိခိုက်မှု ရှိခဲ့ခြင်းဟု သတင်းများက ဆိုသည်။ အင်္ဂလန် အသင်း၏ ဆေးအဖွဲ့သည် ယန်း၏ ဒဏ်ရာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ကွာတားဖိုင်နယ် အဖြစ် အီတလီနှင့် ကစားရာတွင် ပါဝင်နိုင်ရန် ကြိုးစားလျှက် ရှိသည်။

ဒူးဒဏ်ရာမှ သက်သာလာပြီ ဖြစ်သည့် ယန်း
အင်္ဂလန်သည် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်၏ ဦးဆောင်မှုဖြင့် အုပ်စု အဆင့်ကို ကျော်ဖြတ်ခဲ့သည့်နောက် ကွင်းတွင်း လေ့ကျင့်ခန်းများကို တစ်ရက်တာ ရပ်နားပြီး ဟိုတယ်ရှိ အားကစား ရုံနှင့် ရေကူးကန်တို့တွင်သာ အပေါ့စား လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။ အင်္ဂလန် အသင်းသည် ပိုလန် နိုင်ငံတွင် လေ့ကျင့်ခန်း ဆင်းနေရာမှ သောကြာနေ့တွင် ယူကရိန်းသို့ ပြန်သွားပြီး ကွာတားဖိုင်နယ် ပွဲစဉ်အတွက် ပြင်ဆင်မည် ဖြစ်သည်။ အင်္ဂလန်သည် စနေနေ့တွင် အီတလီနှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။
ယူကရိန်း အသင်းခေါင်းဆောင် အင်ဒရီ ရှက်ဗ်ချန်ကို၏ ဖျက်ထုတ်မှုကြောင့် ယန်း၏ ဒူးခေါင်းတွင် အတန်ငယ် ထိခိုက်မှု ရှိခဲ့...



3:35 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com