အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက မိမိ၏ အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီအား ဂျူဗင်းတပ်စ် အသင်းက ခေါ်ယူရန် ဆိုသည်မှာ လက်တွေ့ မဖြစ်နိုင်ကြောင်း ဝေဖန်လိုက်သည်။
အထူးသဖြင့် ဂျူဗင်းတပ်စ် အသင်း ချန်ပီယံ ဖြစ်ခဲ့သော အီတလီ စီးရီးအေသည် အသက်(၂၈)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး အတွက် နိမ့်ကျသော အဆင့်မျိုး ဖြစ်နေသည်ဟု ၀င်းဂါးက ဆိုသည်။ ဗန်ပါစီသည် အမ်းမရိတ်စ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး ဂျူဗင်းတပ်စ်က ၎င်းအား ယခုနွေရာသီတွင် ကမ်းလှမ်း ၀ယ်ယူသွားရန် စီစဉ်လျှက် ရှိသည်။ သို့သော် ၀င်းဂါးက ဗန်ပါစီသည် အင်္ဂလန် ပရီးမီးယားလိဂ်ထက် အဆင့်အတန်း နိမ့်ကျသော ပြိုင်ပွဲမျိုးကို သွားရောက်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

ဂျူဗင်းတပ်စ်မှ စောင့်ကြည့်နေသည့် ဗန်ပါစီ
ဝင်းဂါးက "ဗန်ပါစီက ကျွန်တော်တို့နဲ့ပဲ ဆက်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗန်ပါစီလို ကမ္ဘာ့အဆင့် ဘောလုံး သမားမျိုးက အီတလီ စီးရီးအေလို ပြိုင်ပွဲမျိုးမှာ သွားကစားဖို့ အကြောင်းမှ မရှိဘဲလေ။ အီတလီ ဘောလုံး ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းက ပရီးမီးယားလိဂ်ထက် နိမ့်ကျနေတယ် မဟုတ်လား" ဟု အီတလီ သတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။ အာဆင်နယ်သည် (၂၀၀၅)ခုနှစ်ကတည်းက မည်သည့် ဆုဖလားကိုမျှ မရယူ နိုင်ခဲ့သည့်နောက် ဆက်စ်ဖာဘရီဂက်စ်နှင့် ဆမ်မီ နာဆရီတို့ကဲ့သို့ ကစားသမားကောင်းများကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်း မရှိခဲ့ချေ။
ဗန်ပါစီလို ကမ္ဘာ့အဆင့် ဘောလုံး သမားမျိုးက အီတလီ စီးရီးအေလို ပြိုင်ပွဲမျိုးမှာ သွားကစားဖို့ အကြောင်းမှ မရှိဘဲလေ။ အီတလီ ဘောလုံး ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းက ပရီးမီးယားလိဂ်ထက် နိမ့်ကျနေတယ် မဟုတ်လား...
သို့သော်လည်း ၀င်းဂါးသည် ဗန်ပါစီအား အသင်း၏ ရည်မှန်းချက် ကြီးမားမှုကို ပြသရန် ဂျာမန် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးကို ခေါ်ယူထားသလို ပြင်သစ် လက်ရွေးစင် အိုလီဗာ ဂီရော့ဒ်ကိုလည်း ဥရောပဖလား အပြီးတွင် စာချုပ်ရန် သဘော တူညီထားပြီး ဖြစ်သည်။ အာဆင်နယ်သည် ဗန်ပါစီအား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ဖြင့် စာချုပ်သက်တမ်း တိုးရန် ကြိုးစား ခဲ့သော်လည်း ကစားသမားဘက်မှ ငြင်းဆိုထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
Ref: The Sun



3:34 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com